စပါး ၁-၁

October 20, 2019

ချဲလ်ဆီး ၁-၀ နယူးကာဆယ်၊ စပါး ၁-၁ ဝက်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ အသင်းကြီးတွေထဲက ချဲလ်ဆီး အနိုင်ရရှိပြီး တော့တင်ဟမ်ဟော့စပါးက သရေကျသွားပါတယ်။  ချဲလ်ဆီးက အိမ်ကွင်းမှာ နယူးကာဆယ်ကို တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိတောင် ရခဲ့တာပါ။  တလုံးတည်းသော အနိုင်ဂိုးကို ၇၃ မိနစ်မှာ အလွန်ဆိုက သွင်းယူပါတယ်။ ဒီနိုင်ပွဲဟာ ချဲလ်ဆီးအတွက်တော့ ၅ ပွဲမြောက် နိုင်ပွဲရတာ ဖြစ်ပါတယ်။  စပါးကတော့ အိမ်ကွင်းမှာ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီမှ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။  ဒီပွဲမှာ ဝက်ဖို့ဒ်က ပွဲအစ ၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပါတယ်။ စပါးအတွက် ချေပဂိုးကို ၈၆ မိနစ်မှာ အလီက သွင်းယူပါတယ်။  ဒီပွဲ သရေကျတာကြောင့် စပါးဟာ ၁၂ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။  ဝက်ဖို့ဒ်ကတော့ တန်းဆင်းဇုန် အောက်ဆုံးမှာ ရမှတ် ၄ မှတ်နဲ့ ရပ်တည်နေပါတယ်။ ချဲလ်ဆီးကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၄၊ နယူးကာဆယ်ကတော့ ရမှတ် ၈ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up