စပါး-နယူးကာဆယ်

October 18, 2021

ပရိသတ်တစ်ဦးလဲကျသွားသဖြင့် စပါး-နယူးကာဆယ်ပွဲစဉ် ၁၅ မိနစ်ခန့် ရပ်နားခဲ့ရ

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ် လဲကျနေလို့ ကွင်းလယ်ဒိုင်လူ ကြီးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပုံကို စပါးနောက်ခံလူ ရက်ဂီလွန်က ပြန်လည်ရှင်းပြပါတယ်။ 

စပိန်နောက်ခံလူ ရက်ဂီလွန်ဟာ အရှေ့ဘက်ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦးလဲကျနေတာကို ကစားသမားတွေထဲက ပထမဆုံးတွေ့မြင်ခဲ့သူဖြစ်ပြီး ဒိုင်လူကြီးဆီပြောပြခဲ့သူပါ။ 

ပွဲကြည့်စင်မှာ အမျိုးသားတစ်ဦး လဲကျနေတာကို မြင်တွေ့ခဲ့ရလို့ အံ့အားသင့်မိခဲ့ကာ ဒိုင်လူကြီးဆီသွားပြီး အခြေအနေကို တင်ပြခဲ့တယ်လို့ ရက်ဂီလွန်က ပြောပါတယ်။ 

ဒိုင်လူကြီးဆီသွားမပြောခင်မှာ ပရိသတ်တွေကလည်း ပွဲကို “ရပ် ရပ်” လို့ အော်ဟစ်နေပြီး မြင်လို့မကောင်းတဲ့ အခြေအနေကြောင့် ပွဲကို ခေတ္တရပ်ခိုင်းခဲ့တာလို့ ရက်ဂီလွန်က ရှင်းပြပါတယ်။ 

အဲဒီနောက် အသင်းဆေးအဖွဲ့ဝင်တစ်ဦးက ပွဲကြည့်စင်က ပရိသတ်တစ်ဦးကို အရေးပေါ်ဆေးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။ 

ပွဲစဉ်ကို ၁၅ မိနစ်လောက် ရပ်နားခဲ့ရပြီး လဲကျခဲ့တဲ့ ပရိသတ်ကိုတော့ ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်မှာ စပါးအသင်းက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ 

3 months Ago
Up