စပါးနှင့် ဝက်စ်ဟမ်းကို အက်ဖ်အေ အရေးယူမည်

September 28, 2017

စပါးနှင့် ဝက်စ်ဟမ်းကို အက်ဖ်အေ အရေးယူမည်

စက်တင်ဘာ ၂၃ ရက်က ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကို အက်ဖ်အေက အရေးယူမယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ စပါးအသင်းက ဝက်စ်ဟမ်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်သင်းပေါင်း အဝါကတ် ၈ ကတ်နဲ့ အနီကတ် ၁ ကတ် ပြသခဲ့ရပြီး စပါးနောက်ခံလူ အောရီယာ အထုတ်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာလည်း စပါးတိုက်စစ်မှူး လိုရန်တီနဲ့ ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်တို့  ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကစားသမားတွေ တွန်းထိုးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်မှာ ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး ကစားသမား ၅ ဦးကိုလည်း ဒိုင်လူကြီး အိုလီဗာက အဝါကတ်ပြပြီး သတိပေးခဲ့ပါတယ်။ ကစားသမားတွေကို ထိန်ချုပ်နိုင်ခြင်းမရှိတဲ့ စပါးနဲ့ ဝက်စ်ဟမ်း နှစ်သင်းစလုံးကို အရေးယူသွားမှာဖြစ်ပြီး ဒီကနေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးဖို့လည်း အက်ဖ်အေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up