စပါးကြီးမြွေကြီး ရစ်ပတ်ဝါးမျိုတော့မည့် ဆိတ်ကလေးကို ကယ်တင် (ရုပ်သံ)

July 31, 2016

စပါးကြီးမြွေကြီး ရစ်ပတ်ဝါးမျိုတော့မည့် ဆိတ်ကလေးကို ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဧရာမစပါးကြီးမြွေကြီးတကောင်ဟာ ဆိတ်ကလေးတကောင်ကို ၀ါးမျိုဖို့ ရစ်ပတ်ထားခဲ့ချိန်မှာ ရွာသားတွေက တွေ့ရှိခဲ့လို့ ခြောက်လှန့်ခဲ့ကာ လွတ်မြောက်နိုင်ဖို့ အကူအညီပေးခဲ့ကြတာကို ဘားကရော့ဖ်ရုပ်သံသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာ ဥတာပရာဒေ့ရှ်ပြည်နယ်ထဲက ကာ တာနီယာဂက် ဘေးမဲ့တောထဲမှာ ဖြစ်ပျက်ခဲ့တာပါ။ အဲဒီဒေသတ၀ိုက်မှာ ခုလိုမုတ်သုံရာသီကာလတွေမှာ စေပါးကြီးမြွေတွေ၊ မြွေ ဟောက်တွေနဲ့ တခြားဥယျာဉ်တွင်းကျက်စားနေတဲ့ မြွေတွေထွက်လာလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကတော့ ဆိတ်ကလေးကို ရစ်ပတ်ပြီး ၀ါးမျိုဖို့ကြိုးစားနေတဲ့ စပါးကြီးမြွေကြီးကို ဘာဟာရိခ်ျခရိုင်ထဲက ရွာသားတွေက တွေ့ရှိခဲ့ကြတာပါ။ ထိတ်လန့်ကြောက်မက်ဖွယ် ဒီအတွေ့အကြုံမှာ ရွာသားအုပ်စုဟာ ထိတ်လန့်တ ကြားအော်ဟစ်ခဲ့ကြကာ မြွေကြီးကို သစ်ကိုင်းတွေ၊ ခဲတွေနဲ့ ရိုက်ပြီး ခြောက်လှန့်ကာ ဆိတ်ကလေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဆိတ်ကလေးဟာ ဇွဲမလျှော့ပဲ တင်းခံနေခဲ့တာ အချိန်မိနစ် ၄၀ လောက်ကြာနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ရွာသားတွေထဲက တယောက်ဟာ မြွေကြီးရဲ့ ဦးခေါင်းကို ခပ်ပြင်းပြင်းရိုက်နှက်ခဲ့ချိန်မှာတော့ မြွေကြီးဟာ တင်းခံမထားတော့ပဲ သားကောင်ကို လွှတ်ချကာ အနီးနား ချုံပုတ်တွထဲ တိုးဝင် ထွက်ပြေးသွားခဲ့တာပါ။
5 years Ago
Up