စပါးကြီးမြွေကြီးနှင့် အသားစားလင်းနို့ ထိတ်လန့်ဖွယ် အားပြိုင်တိုက်ပွဲ

April 7, 2017

စပါးကြီးမြွေကြီးနှင့် အသားစားလင်းနို့ ထိတ်လန့်ဖွယ် အားပြိုင်တိုက်ပွဲ (ရုပ်သံ)

မြွေတကောင်နဲ့ ငှက်တကောင် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ကြဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် တကယ်တွေ့ဆုံချိန်မှာတော့ အပြန်အလှန် တိုက်ခိုက်ကြတာတွေဟာ ထိတ်လန့်စရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စပါးကြီးမြွေနဲ့ လင်းနို့တွေ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံချိန်မှာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြသလဲ ဆိုတာတွေကို စုစည်းဖော်ပြထားတာပါ။ စပါးကြီးမြွေတွေဟာ သားကောင်ကို အလွတ်မပေးစတမ်း တိုက်ခိုက်တဲ့နေရာမှာ နာမည်ကြီးသလို လင်းနို့တွေဟာလည်း ရန်သူသားကောင်တွေကို တုံ့ပြန်ရာမှာ နာမည်ကျော်ပါတယ်။ အန္တရာယ်ရှိတဲ့ ဒီမြွေအမျိုးအစားတွေဟာ သားကောင်ကိုရစ်ပတ်ပြီး ကျိုးကြေသွားပြီဆိုမှသာ ဝါးမျိုစားသောက်လေ့ ရှိကြတာပါ။ လင်းနို့တွေဟာလည်း အသားစားသတ္တဝါတွေထဲမှာ ပါဝင်ပြီး သားကောင်ကို လျင်မြန်စွာ ထိုးသုတ်ကိုက်ချီကာ အနိုင်တိုက်နိုင်တဲ့ အမျိုးအစားတွေ ဖြစ်ကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တောတွင်း မြေပြင်ပေါ်မှာ အသေအကျေ တိုက်ခိုက်တာတွေ၊ သဲသောင်ပြင်ပေါ် အပြန်အလှန်တိုက်ခိုက်မှုတွေကို ထိတ်လန့်ဖွယ် တွေ့မြင်ကြရမှာပါ။
4 years Ago
Up