စပါးကြီးမြွေဝါးမျိုခံရပြီး သေဆုံးခဲ့ရသည့် သနားစဖွယ် ခွေးမလေး

October 6, 2016

စပါးကြီးမြွေဝါးမျိုခံရပြီး သေဆုံးခဲ့ရသည့် သနားစဖွယ် ခွေးမလေး

တကယ်လို့ သင်ဟာ ခွေးချစ်သူတယောက်ဆိုရင် ခုပဲ ဝေးဝေးမှာနေလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီပုံက သင့်ကို စိတ်မချမ်းမြေ့မှုတွေ ပေးနိုင်လို့ပါပဲ။ ဒီပုံဟာ အရှည် ၅ မီတာရှိတဲ့ စပါးကြီးမြွေတကောင်က ခွေးမလေးတကောင်ကို ၀ါးမျိုဖို့ ကြိုးစားခဲ့ချိန်မှာ ရိုက်ယူထားခဲ့တာပါ။ တကယ်တမ်းတော့ ဒီမြွေကြီးဟာ ခွေးမလေးရဲ့ ဦးခေါင်းကို ပထမဆုံးဝါးမျိုခဲ့ပြီးမှ သူ့ရဲ့ ခန္ဓာကိုယ်တ၀က်ကို ဆွဲစုပ်ယူခဲ့တာလို့ ထိုင်းအခြေစိုက် ဆနွတ်ခ်သတင်းမှာ ဖော် ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ပထုံဌာနီ ခရိုင်၊ လမ်လွတ်ခ်ကာဒေသတွင်းက အိမ်တအိမ်မှာ ဖြစ်ခဲ့တာပါ။ အိမ်ပိုင်ရှင် အသက် ၄၅ နှစ်အရွယ် ဆူဖက်တ် ဖမ်ဆီရိဟာ မြွေဖမ်းသမားတွေဆီ အကြောင်းကြားခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာဆီ သူတို့ရောက်ရှိခဲ့ချိန်မှာ အိမ်ခြံစည်းရိုးဘေး ကွက်လပ်ကနေ မြွေကြီးကို ဖမ်းယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အသက် ၁၀ နှစ်အရွယ် ခွေးမလေးဟာ သူ့ရဲ့ ပါးစပ်မှတဆင့် ထွက် အန်ကျနေခဲ့တာကို တွေ့ခဲ့ကြရတာပါ။ မြွေကြီးဟာ အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို ဖမ်း ဆီးနိုင်ခဲ့ပါတယ်။ ခွေးမလေးရဲ့ ပိုင်ရှင် အသက် ၂၁ နှစ်အရွယ် ခလွန်ဖန် ခီရာဝမ်က သူဟာ အိမ်အ ပေါ်ထပ်မှာ အိပ်ပျော်နေချိန်မှာ မိုးတွေတညလုံးသည်းနေခဲ့ပြီး ခွေးမလေးရဲ့ အဆက်မ ပြတ်ဟောင်သံကို ကြားနေခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဆင်းမကြည့်မိခဲ့ပဲ မနက်ခင်းရောက်ချိန်မှာတော့ ပျံ့ကြဲနေတဲ့ ပန်းအိုးတွေနဲ့ သူ့ရဲ့ခွေးကလေးကို မြွေကြီးက ၀ါးမျိုထားခဲ့တာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ ခွေးမလေးကတော့ ကံအကြောင်းမလှပဲ သေဆုံးသွားခဲ့ကာ အဆိုပါ စပါးကြီး မြွေကိုတော့ တောထဲကို ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up