စပါးကြီးမြွေရစ်ပတ်မှုမှ လွတ်မြောက်ခဲ့သည့် မြေခွေးပျံလင်းနို့ (ရုပ်သံ)

December 17, 2016

စပါးကြီးမြွေရစ်ပတ်မှုမှ လွတ်မြောက်ခဲ့သည့် မြေခွေးပျံလင်းနို့ (ရုပ်သံ)

မြေခွေးပျံလင်းနို့လို့ လူသိများတဲ့ လင်းနို့အမျိုးအစားဟာ လင်းနို့တွေထဲမှာ အရွယ်ပမာဏ အကြီးမားဆုံး နို့တိုက်သတ္တဝါတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ မျိုးရင်းဒေသကတော့ သြစတြေးလျနိုင်ငံဖြစ်ပြီး မီးခိုးရောင်ဦးခေါင်းနဲ့ မြေခွေးတကောင်လိုမျက်နှာ ဖြစ်နေတာမျိုးပါ။ မည်းနက်တဲ့ အမွေးတွေနဲ့ တကိုယ်လုံးဖုံးထားတဲ့ မြေခွေးပျံလင်းနို့တွေဟာ အရှည် ၂၅ စင်တီမီတာထိ ရှိနိုင်ပြီး ပျံသန်းနိုင်တဲ့ တခုတည်းသော နို့တိုက်သတ္တ၀ါတွေ ဖြစ်ပါတယ်။ သူတို့တွေမှာ ကြီးမားကျယ်ပြန့်တဲ့ အတောင်ပံတွေပါရှိပြီး ကြီးမားတဲ့ မျက်လုံးတွေကတော့ ညအချိန်မှာ မြင်နိုင်စွမ်းရှိအောင် ဖန်ဆင်းပေးထားတဲ့ သဘာဝတရားရဲ့ လက်ဆောင်ပါပဲ။ နောက်ပြီး သူတို့ဟာ အစာရဲ့အနံ့ကို ကောင်းစွာခံနိုင်တဲ့ အနံ့ခံစွမ်းရည်တမျိုးကိုလည်း ပိုင်ဆိုင်ထားခဲ့တာပါ။ ဒါပေမယ့် မြေခွေးပျံလင်းနို့တွေဟာ သူတို့ကိုယ်တိုင် သားကောင်ဘဝ ရောက်ရတဲ့အချိန်မှာ ဘယ်လိုတုံ့ပြန်လွတ်မြောက်ခဲ့သလဲ ဆိုတာကိုတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စပါးကြီးမြွေတကောင်ဟာ မြေခွေးပျံလင်းနို့ကို ရစ်ပတ်ထားခဲ့တာကို အသည်းယားစဖွယ် တွေ့ရပါတယ်။ မြွေဟာ မြေခွေးပျံလင်းနို့ကို ရစ်ပတ်ထားခဲ့ချိန်မှာ မလှုပ်ရှားနိုင်ဘဲ ရှိနေရာကနေ တဖြည်းဖြည်းချင်း ရုန်းထွက်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက်တော့ သူဟာ အတောင်ပံတွေနဲ့ရိုက်ကာ မြွေဆီကနေ အတင်းရုန်းကန်ထွက်ခဲ့ချိန်မှာတော့ လွတ်မြောက်သွားခဲ့ပြီး မြွေက လျှောထွက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် စပါးကြီးမြွေရဲ့ ရစ်ပတ်ထားခဲ့တဲ့ဒဏ်ကြောင့် သူဟာ ရုတ်တရက် မပျံသန်းနိုင်ခဲ့ဘဲ မြေပြင်ပေါ်မှာ တဖြည်းဖြည်း တွားသွားနေခဲ့တာကို တွေ့ရပါတယ်။
5 years Ago
Up