စပါးနောက်ခံလူ ဗာတွန်ဂန်၏ဒဏ်ရာကို နည်းပြ ပိုချက်တီနို စိုးရိမ်

January 16, 2017

စပါးနောက်ခံလူ ဗာတွန်ဂန်၏ဒဏ်ရာကို နည်းပြ ပိုချက်တီနို စိုးရိမ်

ပရီးမီးယားလိဂ်ကလပ် တော့တင့်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုက နောက်တန်းကစားသမား ဗာတွန်ဂန်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် နောက်တန်းလူ ဗာတွန်ဂန်ဟာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။ စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒဏ်ရာကနေ မြန်မြန်သက်သာလာဖို့ လိုတယ်လို့ ပြောပါတယ်။ နောက်တန်းကစားသမား ဗာတွန်ဂန်ဟာ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲမှာ ပွဲ ၂၀ ကစားခွင့်ရထားပါတယ်။ လောလောဆယ် စပါးအသင်းဟာ ၄၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up