စပါးအုံးမြွေကြီး (ရုပ်သံ)

September 17, 2017

မြွေဖမ်းသမား၏ခြေနှစ်ဖက်လုံးကို ရစ်ပတ်ဖြစ်ညှစ်နေသည့် စပါးအုံးမြွေကြီး (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ လင်မ်ပိုပိုခရိုင်မှာ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ၉ ပေအရှည် စပါးအုံးမြွေကြီးက မြွေဖမ်းသူရဲ့ ခြေထောက်တွေကို ရစ်ပတ်ပြီး ဖြစ်ညှစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ပစ္စည်းတခုပေါ်က မြွေကြီးကို မြွေဖမ်းသူက ဖယ်ရှားစဉ် မြွေကြီးက ရုတ်တရက် သူ့ကို စတင်ရစ်ပတ်ဖြစ်ညှစ်ခဲ့တာပါ။ မြွေက မြွေဖမ်းသူရဲ့ခြေထောက် ၂ ချောင်းစလုံးကို ရစ်ပတ်ချိန်မှာ မြွေဖမ်းသူလည်း ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး အခြားအမျိုးသားတဦးက မြွေကို ခြေထောက်တွေကနေ သေသေချာချာ ပြန်ဖြေဖယ်ရှားပြီး ကယ်တင်လိုက်ရတာကို တွေ့ရပါတယ်။ စပါးအုံးမြွေတွေက ပေ ၃၀ အထိ ရှည်နိုင်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း ထိုင်းနိုင်ငံ ပထန်ဌာနီခရိုင်မှာ ၁၇ ပေ အရှည်ရှိတဲ့ စပါးအုံးမြွေကြီးက အိမ်မွေးကြောင်တကောင်ကို မျိုချခဲ့လို့ ကယ်ဆယ်ရေးတွေက လာကယ်ခဲ့ရပါတယ်။ မြွေကြီးက အိမ်ထဲ ဝင်ခဲ့ပြီး ဘိုဘိုဆိုတဲ့ ၃ နှစ်အရွယ်နဲ့ ၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကြောင်လေးကို မျိုခဲ့ပြီး အစာခြေနိုင်ဖို့ မီးဖိုချောင်ထဲက ပန်းကန်ဆေးတဲ့ ဘေစင်အောက် ဝင်ခွေနေခဲ့တာပါ။ ထိတ်လန့်နေတဲ့ အိမ်ရှင်က အစာမျိုထားတဲ့ မြွေကြီးကို တွေ့ပြီး ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ရဲ ၂ ဦး တိရစ္ဆာန်ကယ်ဆယ်ရေး ၃ ဦး သတင်းထောက် ၁ ဦး အချိန်ခဏအတွင်း ရောက်လာပြီး ဗိုက်ထဲမှာ အစာတွေမျိုထားတဲ့ မြွေကြီးကို ဆွဲထုတ်သွားတယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up