စပါးအသင်

November 6, 2020

တိုက်စစ်မှူး ဟာရီကိန်း စပါးအသင်းအတွက်သွင်းပေးသည့် ဂိုးပေါင်း ၂၀၀ ပြည့်မြောက်

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ လူဒိုဂိုရက်စ်နဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး နောက် စပါးအတွက် သွင်းဂိုးစုစုပေါင်း  ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။  အသင်းသမိုင်းတလျှောက် ဂိုး ၂၀၀ ပြည့်မြောက် အောင်သွင်း ယူခဲ့တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။  စပါးအသင်းသမိုင်းမှာ အင်္ဂလန်ကစားသမားဟောင်း ဂျင်မီဂရေ့စ်က ၂၆၆ ဂိုးသွင်းယူပြီး ဂိုးအများဆုံးကစားသမားဖြစ် စံချိန်တင်ထားပါတယ်။  အဲဒီနောက် ဘော်ဘီစမစ်က ၂၀၈ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံးကစား သမားအဖြစ် ရပ်တည်နေတာပါ။  ဟာရီကိန်းအနေနဲ့ စပါးနဲ့ပွဲပေါင်း ၃၀၀ ပြည့်မြောက်ချိန်မှာပဲ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။  အသင်းအတွက် စုစုပေါင်း ဂိုး ၂၀၀ ပြည့်မြောက်ခဲ့လို့ ဂုဏ်ယူမိပြီးနောက် ထပ်သွင်းဂိုးတွေ လာဦးမှာဖြစ်ကြောင်း ဟယ်ရီကိန်းက တွစ်တာကနေတစ်ဆင့် ပြောခဲ့ ပါတယ်။  စပါးနည်းပြ မော်ရင်ညိုကလည်း ဟာရီကိန်းကို ချီးကျူးခဲ့ပြီး  အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို လည်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ 
1 year Ago

September 26, 2020

စပါးအသင်း လိဂ်ဖလားစတုတ္ထအဆင့်ကို အလိုအလျောက် ကစားခွင့်ရ

စပါးအသင်းဟာ ကရာဘောင်းဖလားစတုတ္ထအဆင့်ကို အလိုအလျောက်တက် ရောက်ခွင့်ရ ရှိသွားပါတယ်။  တတိယအဆင့်ပွဲစဉ်မှာ လေတန်အော်ရီးယန့်အသင်းနဲ့ ကစားရမှာဖြစ်ပေမယ့် လေတန် အသင်းက ကစားသမားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ပွဲရွှေ့ဆိုင်းခဲ့တာပါ။  EFL ဘက်ကတော့ လေတန်အသင်းအနေနဲ့  သတ်မှတ်ရက်မှာ ပွဲကစားဖို့ လုပ်ဆောင်ပေး နိုင်ခြင်း မရှိခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စပါးအသင်းကို အလိုအလျောက် နောက်တဆင့် တက်ခွင့်ပေးခဲ့တာပါ။  လေတန်အသင်းဘက်ကတော့ ရုပ်သံပြသခွင့်နဲ့ စပွန်ဆာကြေးကနေ ပေါင် ၁ သိန်းခွဲလောက် ရရှိနိုင်မှာဖြစ်လို့ စပါးနဲ့ပွဲကို ဆက်လက်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့တာပါ။  လေတန်အောရီးယန့်အသင်းဟာ စပါးနဲ့ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရသလို စက်တင်ဘာ ၂၆ ရက် ကစားမယ့် ဝါဆောနဲ့ လိဂ်၂ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရတာပါ။  စပါးအသင်းအနေနဲ့ စတုတ္ထအဆင့်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံနေပြီး စက်တင်ဘာ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ 
1 year Ago
More News
Up