ချန်ပီယံလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲအတွက် အရည်အချင်းရှိတဲ့ ကစားသမားတွေ လိုအပ်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာ ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုနာကိုနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့အတွက် အံ့အားသင့်မိပြီး စိတ်ပျက်စရာလည်း ဖြစ်ခဲ့တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ခြေစွမ်းတိုးတက်လာပြီး ထိပ်တန်းအသင်းတွေနဲ့ ခြေစွမ်းကွာဟချက် ကျဉ်းမြောင်းခဲ့ပေမယ့် ချန်ပီယံလိဂ်လို အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲအတွက်တော့ ကစားသမားကောင်းတွေ ပိုမိုလိုအပ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
စပါးအသင်းမှာ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေ ရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပြီး နောက်နှစ်မှာ ချန်ပီယံလိဂ် ပြန်ကစားခွင့်ရမယ်ဆိုရင်တော့ အခုထက်ပိုကောင်းတဲ့ ကစားသမားတွေ လိုအပ်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
4 years Ago