စပါးအသင်းကို၂၀၂၁ ခုနှစ်အထိ ပိုချက်တီနို ကိုင်တွယ်မည်

May 16, 2016

စပါးအသင်းကို၂၀၂၁ ခုနှစ်အထိ ပိုချက်တီနို ကိုင်တွယ်မည်

တော့တင်ဟမ်ဟော့စပါး မန်နေဂျာ ပိုချက်တီနိုက အသင်းကို ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ သူ့ကို ဒီလို တာဝန်ပေးတာဟာ အသင်းဥက္ကဋ္ဌက သူ့အပေါ်ထားတဲ့ ယုံကြည်မှု၊ ပရိသတ်တွေနဲ့ ဘောလုံးသမားတွေရဲ့ အားပေးမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ အသင်းကို အကောင်းဆုံး တည်ဆောက်သွားဖို့၊ အသင်းသားတွေရဲ့ ခံယူချက်တွေကိုလည်း ပြောင်းလဲဖို့ လိုတယ်လို့ ပြောပါတယ်။ ပိုချက်တီနိုနဲ့ အရင် မန်ယူနည်းပြဟောင်း အဲလက်စ် ဖာဂူဆန်တို့ တွေ့ဆုံခဲ့တဲ့နောက် သူ့ရဲ့  အနာဂတ်နဲ့ ပတ်သက်လို့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်  တွေ့ဆုံမှုဟာ အောင်မြင်မှု အမြင့်မားဆုံး ရရှိခဲ့တဲ့ မန်နေဂျာတယောက်နဲ့ ညစာအတူစားတာထက် ဘာမှ မပိုခဲ့ဘူးလို့ ပိုချက်တီနိုက ရှင်းပါတယ်။ ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးကို ၂၀၁၄ ခုနှစ်ကတည်းက နည်းပြချုပ်အဖြစ် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။
6 years Ago
Up