မြောက်လန်ဒန်ကလပ် စပါးအသင်းဟာ အခုနှစ်ရာသီအစမှာ ပေါင်သန်း ၁၀၀ လောက်သုံးစွဲပြီး ကစားသမားခေါ်ယူထားပေမယ့် လက်ရှိလူစာရင်းဟာ အကောင်းဆုံး မဟုတ်သေးဘူးလို့ နည်းပြက ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာဒန်ဘီလီ၊ ဆဲလ်ဆို၊ ဂျက်ကလက်ခ်၊ ရွိုင်ယန်ဆက်ဆနွန်တို့ကို ခေါ်ယူထားခဲ့ပြီး အဲရစ်ခ်ဆင်၊ အန်ဒါဝီရယ်၊ ဒန်နီရိုစ့်တို့လို ကစားသမားတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ဒါဟာ စပါးတို့ ၂ ရာသီဆက် ငွေကြေးမသုံးစွဲခဲ့ပေမယ့် ပထမဆုံးအကြိမ်အသင်းကို မြှင့်တင်မှုပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တလောအသင်းကို အားရကျေနပ်မှု သိပ်မရှိဘဲ ရာသီကုန်ထိ စောင့်ကြည့်ရမယ်လို့ အသင်းရဲ့နည်းပြ ပိုချက်တီနိုက ပြောကြားခဲ့ပါသေးတယ်။
ဒါ့အပြင် ပိုချက်တီနိုက စပါးရဲ့အကောင်းဆုံးပုံစံဟာ ပြီးခဲ့တဲ့ရာသီမှာမြင်တွေ့ခဲ့ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲထိရောက်ရှိခဲ့ကြောင်း၊ ဒီရာသီမှာ ဆုဖလားတွေ ရရှိခဲ့မယ်ဆိုရင်တော့ အကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာ လက်ခံရမယ်လို့ ပြောပါတယ်။
======================
စပါးအသင္း လက္ရွိလူစာရင္း အေကာင္းဆုံးမဟုတ္ေသးဟု နည္းျပေျပာ
DVB
ေျမာက္လန္ဒန္ကလပ္ စပါးအသင္းဟာ အခုႏွစ္ရာသီအစမွာ ေပါင္သန္း ၁၀၀ ေလာက္သုံးစြဲၿပီး ကစားသမားေခၚယူထားေပမယ့္ လက္ရွိလူစာရင္းဟာ အေကာင္းဆုံး မဟုတ္ေသးဘူးလို႔ နည္းျပက ေျပာၾကားလိုက္ပါတယ္။
စပါးအသင္းဟာဒန္ဘီလီ၊ ဆဲလ္ဆို၊ ဂ်က္ကလက္ခ္၊ ႐ြိဳင္ယန္ဆက္ဆႏြန္တို႔ကို ေခၚယူထားခဲ့ၿပီး အဲရစ္ခ္ဆင္၊ အန္ဒါဝီရယ္၊ ဒန္နီ႐ိုစ့္တို႔လို ကစားသမားေတြကိုလည္း ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။
ဒါဟာ စပါးတို႔ ၂ ရာသီဆက္ ေငြေၾကးမသုံးစြဲခဲ့ေပမယ့္ ပထမဆုံးအႀကိမ္အသင္းကို ျမႇင့္တင္မႈျပဳလုပ္ထားတာ ျဖစ္ပါတယ္။
ဒါေပမယ့္ လက္တေလာအသင္းကို အားရေက်နပ္မႈ သိပ္မရွိဘဲ ရာသီကုန္ထိ ေစာင့္ၾကည့္ရမယ္လို႔ အသင္းရဲ႕နည္းျပ ပိုခ်က္တီႏိုက ေျပာၾကားခဲ့ပါေသးတယ္။
ဒါ့အျပင္ ပိုခ်က္တီႏိုက စပါးရဲ႕အေကာင္းဆုံးပုံစံဟာ ၿပီးခဲ့တဲ့ရာသီမွာျမင္ေတြ႕ခဲ့ရၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထိေရာက္ရွိခဲ့ေၾကာင္း၊ ဒီရာသီမွာ ဆုဖလားေတြ ရရွိခဲ့မယ္ဆိုရင္ေတာ့ အေကာင္းဆုံး အသင္းျဖစ္တယ္ဆိုတာ လက္ခံရမယ္လို႔ ေျပာပါတယ္။
3 years Ago