စပါးနည်းပြသစ်

July 1, 2021

ပရိသတ် ဂုဏ်ယူကျေနပ်အောင် လုပ်မည်ဟု စပါးနည်းပြသစ်ပြော

စပါးအသင်းပရိသတ်တွေအတွက် ဂုဏ်ယူကျေနပ်စရာ ဖြစ်အောင် လုပ်ဆောင်သွားမယ် လို့ နည်းပြသစ် နူနိုဆန်းတို့စ်က ပြောပါတယ်။ 

ပေါ်တူဂီနည်းပြ ဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝုဗ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ရာသီပြီးဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ 

အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချပြီး စပါးနဲ့ ၂ နှစ်စာချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

“အရည်အချင်းနဲ့ ပါရမီကစားသမားတွေရှိတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရချိန်မှာ ပရိသတ်တွေ ဂုဏ်ယူကျေနပ်နိုင်ဖို့ လုပ်ဆောင်သွားချင်တယ်။စပါးအသင်းကို ကိုင်တွယ်ခွင့်ရတာက အလွန်ဂုဏ်ယူကျေနပ်စရာကောင်းပါတယ်။ အသင်းနဲ့အတူ ရှေ့ဆက်ပြီး လုပ်ဆောင်သွားချင်ပြီး ရာသီကြို လေ့ကျင့်မူတွေကိုလည်း အမြန်ဆုံးစတင်သွားချင်ပါတယ်" လို့ နူနိုဆန်းတို့စ်က ပြောပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး အသင်း ကွင်းလယ်လူဟောင်း မာဆန်ကို ယာယီနည်းပြအနေနဲ့ ရာသီကုန်ချိန်အထိ တာဝန်ပေးခဲ့တာဖြစ် ပါတယ်။ 

7 months Ago
Up