စပါးနည်းပြပြော

August 17, 2019

ပွဲထွက်ကစားသမားများကို စွမ်းဆောင်ရည်ပေါ်မူတည် ရွေးချယ်ဟု စပါးနည်းပြပြော

ပွဲထွက်ကစားသမားများကို စွမ်းဆောင်ရည်ပေါ်မူတည် ရွေးချယ်ဟု စပါးနည်းပြပြော DVB ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ပွဲထွက်ကစားသမားတွေကို ရွေးချယ်တာဖြစ်လို့ အပြောင်းအရွှေ့တွေအပေါ် မူတည်နေတာမျိုး မရှိဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။ လန်ဒန်အခြေစိုက်ကလပ်နဲ့ တနှစ်နီးပါးသာ စာချုပ်သက်တမ်း ကျန်ရှိတော့တဲ့ ဒိန်းမတ်လက်ရွေးစင် အဲရစ်ခ်ဆင်ကို ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေပြီး လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေပါတယ်။ ကစားသမားဘက်ကလည်း အသင်းပြောင်းရွှေ့လိုတယ်ဆိုတာကို တရားဝင်ထုတ်ဖော်ပြောထားပြီးဖြစ်ပါတယ်။ အဲရစ်ခ်ဆင်ဟာ အက်စ်တွန်ဗီလာသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပွဲထွက် ၁၁ ယောက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာချိန်မှာတော့ စပါးအသင်းဟာ ချေပဂိုးအပြင် အနိုင်ဂိုး ၂ ဂိုးလည်း ထပ်ရခဲ့ပါတယ်။ လူထုတ်ပုံနဲ့ ပတ်သက်လို့ ပိုချက်တီနိုက လူရွေးချယ်ရာမှာ အရည်အသွေးနဲ့ကြံ့ခိုင်မှုအပိုင်းမှာ အဓိကရွေးချယ်တာကြောင့် အပြောင်းအရွှေ့သတင်းတွေပေါ်မူ တည်နေတာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အဖွင့်ပွဲမှာပြသွားခဲ့တဲ့ အဲရစ်ဆင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့သလို ရညသီသစ်မှာ အဓိကကစားသမား ၁၁ ဦးစလုံး ပွဲထွက်လူစရင်းမှာ အသုံးချနိုင်တာကြောင့် ပျော်ရွှင်နေတယ်လို့လည်း ပိုချက်တီနိုကပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ အခုတပတ်မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာစီးတီး နဲ့ တွေ့ဆုံနေလို့ ပွဲကြပ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
2 years Ago
Up