ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းက လစ်လပ်နေတဲ့ နည်းပြရာထူးနေရာမှာ စပါးအသင်း နည်းပြဟောင်း ဟယ်ရီ ရက်နက်ကို ခန့်အပ်လိုက်ပါတယ်။
ဘာမင်ဂမ်အသင်းနည်းပြ ဇိုလာဟာ ဧပြီ ၁၇ ရက်က ဘာတွန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးတဲ့ပွဲအပြီးမှာ အသင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ဒါကြောင့် ဘာမင်ဂမ်အသင်းက ဝက်စ်ဟမ်း၊ စပါးနဲ့ ကျူပီအာနည်းပြဟောင်း ရက်နက်ကို ရွေးချယ်ခန့်လိုက်တာ ဖြစ်ပါတယ်။
လောလောဆယ် ဘာမင်ဂမ်အသင်းဟာ ချန်ပီယံရှစ်တန်းမှာ ရလဒ်တွေ မကောင်းဖြစ်နေပြီး တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။
ဘာမင်ဂမ်နည်းပြသစ်ဖြစ်လာတဲ့ ရက်နက်ဟာ အသင်းကို ဒီနှစ်ရာသီကုန်အထိ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
နည်းပြ ရက်နက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်တန်းက အသင်းတော်တော်များများမှာ ကျင်လည်ဖူးသလို ဂျော်ဒန်အသင်းမှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
4 years Ago