စပါးနည်းပြ

A d v e r t i s e m e n t With Us

March 7, 2019

ဒိုင်လူကြီးကို ဝေဖန်သည့် စပါးနည်းပြအား နှစ်ပွဲပယ်နဲ့ ဒဏ်ငွေတသောင်း ချမှတ်

ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးကို ဝေဖန်ပြောကြားခဲ့တဲ့ စပါးနည်းပြ ပိုချက်တီနိုကို နှစ်ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ပေါင်တသောင်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဘန်လေနဲ့ပွဲမှာ စပါးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ပွဲအပြီးမှာ ဒိုင်လူကြီးကို ပိုချက်တီနိုက ဝေဖန်ပြစ်တင်သွားခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ဒေါသတကြီး ဝေဖန်ခဲ့တာဖြစ်ပြီး သူ့ရဲ့အပြုအမူအတွက် တောင်းပန်ထားခဲ့ပေမယ့်လည်း အက်ဖ်အေက နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိမိအနေနဲ့ စောဒကတက်ချင်စိတ် ရှိနေတာကြောင့် ထိပ်တိုက်ရင်ဆိုင် ပြောကြားခဲ့တာဖြစ်ပြီး အများပြည်သူတွေရဲ့ ရှေ့မှောက်မှာ ဖြစ်သွားတဲ့အတွက်တော့ တောင်းပန်ချင်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပိုချက်တီနိုအနေနဲ့  ဆောက်သမ်တန်၊ လီဗာပူးအသင်းတွေနဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
2 years Ago

February 3, 2019

မြို့ခံအာဆင်နယ်ကို အားပေးမည်မဟုတ်၊ ရလဒ်အတိုင်း လက်ခံမည်ဟု စပါးနည်းပြပြော

အခုတစ်ပတ် စူပါဆန်းဒေမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေခဲ့လို့ မြို့ခံ အာဆင်နယ်အသင်းဘက်က အားပေးမှာမဟုတ်ပဲ ဘယ်လိုရလဒ်ထွက်လာပါစေ လက်ခံသွားမယ်လို့ စပါးနည်းပြပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးတဲ့နောက်မှာ အဆင့် ၂ နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးက လီဗာပူးနဲ့လည်း ၄ မှတ်သာကွာဟတဲ့ အခြေအနေမှာရှိနေပါတယ်။ တနင်္ဂနွေညမှာကစားမယ့် ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် သက်ရောက်မှုတခုဖြစ်လာနိုင်ပေမယ့် ပိုချက်တီနိုကတော့ ဘယ်ရလဒ်ကိုမဆို လက်ခံဖို့ရှိတယ်လို့ ပြောကြားလိုက်တာပါ။ ပိုချက်တီနိုကသူ့အနေနဲ့ တခြားသူတွေကိုအားကိုလိုခြင်းမရှိပဲ ကိုယ့်အသင်းရဲ့ ကြိုးစားမှုကိုပဲ ယုံကြည်မှုရှိကြောင်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမှာဖြစ်လို့ ရာသီအကုန်မှသာ အဖြေကိုကြည့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုရာသီအတွက် အသင်းရဲ့ အခြေအနေကိုကျေနပ်ပြီးတော့ ဂုဏ်ယူတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
2 years Ago
More News
Up