စပါးတိုက်စစ်ကစားသမား လူးကပ်စ်မိုရာက မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အားလုံး သဘောတူညီမှု ရခဲ့ပြီးမှ ပျက်ပြယ်သွားခဲ့ရတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။
ဘရာဇီးကစားသမား လူးကပ်စ်မိုရာ သူ့ရဲ့ မွေးရပ်မြေကလပ် ဆော်ပေါ်လိုအသင်းမှာ ရှိစဉ်တုန်းက မန်ယူနဲ့ အင်တာမီလန်အသင်းတွေက ခေါ်ယူဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဆီရောက်ဖို့ အားလုံး သဘောတူညီခဲ့ပြီးမှ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှု ရှိလာတာကြောင့် လက်ခံခဲ့တာလို့ မိုရာက ဆိုပါတယ်။
ပီအက်စ်ဂျီ်အသင်းက အရည်အသွေးရှိတဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနေပြီး ကောင်းမွန်တဲ့ စီမံကိန်းသစ်တခုရှိတဲ့အပြင် ဘရာဇီးအသင်းဖော် ကစားသမားတွေလည်း ရှိတဲ့အတွက် အလွယ်တကူ အခြေကျမယ်လို့ တွေးပြီး ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ မိုရာက ပြောပါတယ်။
မိုရာအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ကစားသမားတယောက် အနေနဲ့သာမက လူတယောက်အနေနဲ့ပါ တိုးတက်လာတယ်လို့လည်း မိုရာက ဆိုခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်မှာ ပီအက်စ်ဂျီကနေ စပါးအသင်းကို ပြောင်းရွှေ့လာတာပါ။ စပါးအသင်း အတွက်တော့ စုစုပေါင်း ၄၆ ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။
4 years Ago