စပါးတိုက်စစ်မှူး

May 9, 2020

၃ ပတ်ကြာ စစ်မှုထမ်းကာလ အကောင်းဆုံးစွမ်းဆောင်ရည်ဆု စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ရရှိ

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားမှာ ၃ ပတ်ကြာ စစ်မှုထမ်းခဲ့ရာမှာ အကောင်းဆုံးသင်တန်းသားဆု ရခဲ့တယ်လို့ သိရပါတယ်။  ဆွန်ဟောင်မင်ဟာ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာကြောင့် ဥပဒေအရ စစ်မှုထမ်းရမယ့် ၂ နှစ်ကို ကင်းလွတ်ခွင့်ရခဲ့ပါတယ်။  ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မူကြောင့် ဘောလုံးပွဲစဉ်တွေ ရပ်နားထားချိန်မှာတော့ ၃ ပတ်ကြာ စစ်သင်တန်းတက်ခဲ့ရတာ ဖြစ်ပါတယ်။  ဆွန်ဟောင်မင်ဟာ စစ်သင်တန်းသား ၁၅၇ ဦးနဲ့ လေ့ကျင့်ခဲ့ရပြီး ဆုတံဆိပ် ၅ ဆုထဲကနေ Pilsung ဆို လို့ခေါ်တဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကောင်းဆုံးသင်တန်းသားဆု ရရှိခဲ့ပါတယ်။  ဆွန်ဟောင်မင်ဟာ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှာ ရာနှုန်းပြည့်ရခဲ့သလို ဘာသာရပ်တိုင်းမှာလည်း ကောင်းမွန်တဲ့ရမှတ်ရရှိခဲ့ပြီး သေနတ်ပစ် စစ်ဆေးမှုမှာလည်း ၁၀ ချက်စလုံး ပစ်မှတ်ထိခဲ့တယ်လို့ သိရပါတယ်။  ဆွန်ဟောင်မင်ဟာ ကာလတိုပဲ စစ်မှုထမ်းခဲ့ရတာကြောင့် လာမယ့် ၃၊ ၄ လအတွင်းမှာ လူမှုရေးလုပ်ငန်းတွေကို ၅၄၄ နာရီကြာ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။  စပါးအသင်းကို ပြန်လည်ရောက်ရှိချိန်မှာတော့ ၁၄ ရက်ကြာ ကွာရင်တင်းဝင်ရမှာဖြစ်လို့ ပွဲစဉ်တချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။
1 year Ago

October 22, 2019

မန်ယူတိုက်စစ်ကို ဖြေရှင်းရန် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် တိုက်တွန်း 

မန်ယူအသင်း တိုက်စစ်ကို ဖြေရှင်းဖို့အတွက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပြီး ဖြေရှင်းသင့်ကြောင်း ကစားသမားဟောင်း ရွိုင်ကိန်းက တိုက်တွန်းလိုက်ပါတယ်။  ယူနိုက်တက် ဂန္ထဝင်ကစားသမား ရွိုင်ကိန်းဟာ မန်ယူနဲ့ လီဗာပူး ပွဲစဉ်ကို စကိုင်းစပေါ့ ရုပ်သံကနေ  သုံးသပ်ပြောကြားစဉ်မှာ ထည့်သွင်း ပြောပြခဲ့တာပါ။  မန်ချက်စတာယူနိုက်တက်အသင်းဟာ အကောင်းဆုံးတွေကိုပဲ အမြဲတမ်း လုပ်ဆောင်ခဲ့တဲ့အသင်း ဖြစ်တဲ့အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပြီး တိုက်စစ်ပြဿနာကို ဖြေရှင်းသင့်ကြောင်း ရွိုင်ကိန်းက ဆိုပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ တည်ငြိမ်မှုမရှိသေးတဲ့အချိန် ဖြစ်တာကြောင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပိုပြီးလွယ်ကူနိုင်လိမ့်မယ်လို့ ရွိုင်ကိန်းက ဆက်ပြီးသုံးသပ်ခဲ့ပါတယ်။
2 years Ago
Up