စပါးတပ်မော်စကို

September 13, 2018

ဂျွန်တယ်ရီ စပါးတပ်မော်စကိုသို့ မပြောင်းရန် ဆုံးဖြတ်

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ စပါးတပ်မော်စကိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပျက်ပြယ်သွားပါတယ်။ ရုရှားကလပ် စပါးတပ်မော်စကိုအသင်းဟာ တယ်ရီအတွက် တနှစ်လုပ်ခ ပေါင် ၃ သန်းပေးချေဖို့ ကမ်းလှမ်းခဲ့ပြီး တယ်ရီဘက်ကလည်း အကြိုသဘောတူညီထားခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က အီတလီနိုင်ငံ ရောမမြို့မှာ ဆေးစစ်မှုခံခဲ့ပေမယ့် မိသားစုနဲ့ သေချာတိုင်ပင်ခဲ့ပြီးနောက်မှာ ပြောင်းရွှေ့ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ တယ်ရီက ဆိုပါတယ်။ စပါးတပ်မော်စကိုအသင်းဟာ ရည်မှန်းချက်ကြီးမားတဲ့ အသင်းဖြစ်ပြီး အသင်းရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကိုလည်း တယ်ရီက ချီးကျူးခဲ့ပြီး အနာဂတ်မှာ အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိ နောက်ခံလူ တယ်ရီဟာ ပြီးခဲ့တဲ့နှစ်က အက်စတွန်ဗီလာအသင်းမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
3 years Ago
Up