စပါးစ်နှင့် ရီးရဲလ်အသင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်ရောက် (ရုပ်သံဟိုက်လိုက်)

December 7, 2017

စပါးစ်နှင့် ရီးရဲလ်အသင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်ရောက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်မှာပဲ စပါးစ်အသင်းက အပိုရယ် နီကိုစီရားကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ပဲ တက်ရောက်သွားပါတယ်။ စပါးစ်ဟာ အမှတ်မလိုဘဲ နောက်တဆင့်ကို တက်ရောက်ပြီးသား ဖြစ်လို့ ဒီပွဲမှာ အရန်ကစားသမားတွေနဲ့ တွဲဖက် အသုံးပြုသွားပါတယ်။ အိမ်ကွင်းမှာ စပါးစ်ကပဲ တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားသွားပြီး ဂိုးပေါက် ကန်သွင်းခွင့် ၁၁ ကြိမ်အထိ ရခဲ့ပြီး အပိုရယ်အသင်းကတော့ အခွင့်အရေး မရခဲ့ပါဘူး။ စပါးအတွက် အနိုင်ဂိုးတွေကို လောရန်တီ၊ ဆွန်ဟိုင်းမင်းနဲ့ အန်ဂိုဒူတို့က သွင်းယူပါတယ်။ တိုက်စစ်မှူး လောရန်တီအတွက်တာ့ စပါးစ်အတွက် ကစားပေးတဲ့ ၁၇ ပွဲမှာ ပထမဆုံးဂိုးကို သွင်းယူနိုင်တာပါ။ ဒီပွဲနိုင်တဲ့ စပါးစ်က အုပ်စု (အိပ်ခ်ျ) မှာ ရှုံးပွဲမရှိ ၁၆ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ အုပ်စုတွင်းပြိုင်ဘက် ရီရဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာ ဒေါ့မန်ကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ၁၃ မှတ်ရကာ အုပ်စု ဒုတိယနဲ့ နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။
3 years Ago
Up