ဇန်န၀ါရီ ၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးစ်က ချဲလ်ဆီးအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရှုံးလို့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲဆက်တိုက် အနိုင်ရရေး စံချိန်တင်ဖို့ ကြိုးစားတာတွေလည်း အဆုံးသတ်သွားပါတယ်။
လန်ဒန်ဒါဘီပွဲဖြစ်လို့ ပြင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်လည်း ရှိခဲ့ပါတယ်။ စပါးစ်အတွက် အနိုင်ဂိုးတွေကို အလီ တယောက်တည်းက သွင်းယူပါတယ်။
ချဲလ်ဆီးနည်းပြ ကွန်တီကတော့ အသင်းက ခံစစ်ကောင်းရဲ့သား ၂ ဂိုးနဲ့ ရှုံးတာကတော့ ထူးဆန်းနေတယ်လို့ ပြောဆိုသွားပါတယ်။
စပါးစ်နည်းပြ ပိုချက်တီနိုကတော့ ကြီးမာတဲ့ အောင်ပွဲဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး အသင်းတသင်း ကစားသလိုမျိုး ကစားနိုင်ခဲ့တယ်လို့ ဆိုသွားပါတယ်။
ဒီပွဲရှုံးပေမယ့် ချဲလ်ဆီးက ၄၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး စပါးစ်က ၄၂ မှတ်နဲ့ အဆင့် ၃နေရာကို တက်လှမ်းသွားပါတယ်။
6 years Ago