စပါးစ်နည်းပြပြော

May 20, 2017

ဟယ်ရီးကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း စပါးစ်နည်းပြပြော

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတဦးဖြစ်တယ်လို့ စပါးစ် အသင်းနည်းပြ ပိုချက်တီနိုက သုံးသပ်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်  ဟယ်ရီကိန်းဟာ လက်စတာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုး ၂၆ ဂိုးနဲ့ ရပ်တည်နေပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး စပါးအသင်းကိုလည်း ချစ်မြတ်နိုးတဲ့ ကစာသမားဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းအနေနဲ့ ကစားမားတဦးကိုမှ ရောင်းချသွားမှာမဟုတ်ဘဲ ရောင်းချဖြစ်မယ်ဆိုရင်လည်း အသင်းရဲ့ဆန္ဒအရ ရောင်းချတာသာ ဖြစ်လိမ့်မယ်လို့လည်း နည်းပြပိုချက်တီနိုက ပြောပါတယ်။ စပါးကစာသမားတွေဖြစ်တဲ့ နောက်ခံလူ ဝေါ်ကာနဲ့ ဒယ်နီရို့စ်၊ ကွင်းလယ် ကစာသမား အဲရစ်ဒိုင်ယာနဲ့ အယ်လီတို့ကို ထိပ်သီးကလပ်အသင်းတွေက ခေါ်ယူလိုနေတာကြောင့် ပိုချက်တီနိုက အခုလိုပြောကြားလိုက်တာပါ။ အသက် ၂၃ နှစ်ရှိ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲပဲကျန်ရှိတဲ့ အချိန်မှာ ၂၆ ဂိုးသွင်းထားပြီး ဒုတိယနေရာက အဲဗာတန်တိုက်စစ်မှူး လူကာကူထက် ၂ ဂိုးအသာနဲ့ ရပ်တည်နေပါတယ်။
4 years Ago
Up