စပါးစိုက်ခင်း

June 21, 2018

ရေပန်းစားနေသည့် တရုတ်နိုင်ငံမှ ပန်းချီပုံဖော် အံ့ဖွယ်စပါးစိုက်ခင်းများ (ရုပ်သံ)

တရုတ်နိုင်ငံက ပန်းချီပုံဖော် စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီစိုက်ခင်းတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန့်ယန်မြို့မှာ တည်ရှိပြီး အခုနှစ်ရဲ့ ဒူးအန်ဝူပွဲတော်ကာလတွင်းမှာ လေ့လာကြည့်ရှုကြသူတွေနဲ့ စည်ကားများပြားနေခဲ့တာပါ။ တီထွင်ဖန်တီးခြင်းစိုက်ခင်းလို့ ပြောရမယ့် ဒီဒေသတွင်း ခုလို ပုံဖော်စိုက်ပျိုးတာမျိုးဟာ တရုတ်နိုင်ငံမှာ ပထမဆုံးဒေသဖြစ်ပြီး ၇ နှစ်လောက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ပုံဖော်စိုက်ခင်းတွေထဲမှာတော့ လက်ပေါင်း ၁၀၀၀ နဲ့ မယ်တော်ရုပ်ပုံ ဖန်တီးထားမှုက စိတ်ဝင်စားမှု အများဆုံး ရှိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အရောင်အသွေးစုံနဲ့ သုံးဖက်မြင် ရှုကွင်းရှုကွက်တွေနဲ့ ပုံဖော်စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို တွေ့ရမှာဖြစ်ပြီး နဂါးပုံနဲ့ ကွန်ဖြူးရှပ်ပုံ စိုက်ကွက်တွေဟာလည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။
3 years Ago
Up