စပါးဂိုးသမား

September 14, 2018

စပါးဂိုးသမား လိုရစ် ကားမောင်းခွင့် ပိတ်ပင်ခံရပြီး ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရ

စပါးအသင်းခေါင်းဆောင် ဂိုးသမား လိုရစ်ဟာ အရက်မူးပြီး ကားမောင်းခဲ့တာကြောင့် လ ၂၀ ကြာ ကားမောင်းခွင့် ပိတ်ခံခဲ့ရပြီး ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ လိုရစ်ဟာ တနာရီ ၁၅ မိုင်နဲ့သာ မောင်းနှင်ရမယ့်ဇုန်အတွင်းမှာ တနာရီ မိုင် ၃၀ လောက်နဲ့ မောင်းနှင်ခဲ့လို့ အဖမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စပါးနဲ့ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် လိုရစ်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သလို ကမ္ဘာ့ဖလားလည်း ရယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကစားသမားအများစုဟာ မကြာခဏဆိုသလို အရက်မူးပြီး အရှိန်မြှင့် မောင်းနှင်လို့ အဖမ်းခဲ့ရတဲ့ အစဉ်အလာတွေ ရှိပါတယ်။ လိုရစ်ဟာ စပါးအသင်းကို ၂၀၁၂ မှာ လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up