စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်စ်ကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်

October 3, 2017

စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်စ်ကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဖီးလ်ဂျုံးနဲ့ ဖေဘီယန်ဒဲဖ်တို့ ဒဏ်ရာရနေတာကြောင့် စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်စ်ကို အစားထိုးခေါ်ယူလိုက်ပါတယ်။ အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ဟယ်ရီဝင့်ခ်စ်ဟာ စပါးအသင်းမှာ ပုံမှန်နေရာ ရနေတာကြောင့် နည်းပြ ဆောက်ဂိတ်က ရွေးချယ်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဟာ အောက်တိုဘာ ၅ ရက်နဲ့ ၈ ရက်တွေမှာ ဆလိုဗေးနီးယား၊ လစ်သူရေးနီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အဲဒီပွဲတွေအတွက် ကစားသမား ၂၅ ဦး ရွေးချယ်ထားတာဖြစ်ပြီး ဒဏ်ရာရနေတဲ့ လယ်လာနာ၊ ဝဲလ်ဘက်တို့ မပါဝင်နိုင်ခဲ့ဘဲ တိုက်စစ်မှူး ဗာဒီကိုတော့ ချန်လှပ်ခဲ့ပါတယ်။
4 years Ago
Up