စပစ်လေယာဉ်ပေါ်တွင် အမျိုးသမီးများ ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)

A d v e r t i s e m e n t With Us

March 12, 2016

စပစ်လေယာဉ်ပေါ်တွင် အမျိုးသမီးများ ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)

ကျယ်လောင်တဲ့ ဂီတကြောင့် အမျိုးသမီးအုပ်စု အငြင်းအခုံဖြစ်ပြီး အမေရိကန် ပြည်ထောင်စု လေယာဉ်ပေါ်မှာ ရန်ဖြစ်ကြပါတယ်။ ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတော့ ခရီးသွား အမျိုးသမီးတွေက ဆံပင်တွေကို ဆွဲပြီး ရိုက်နှက်နေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မတ် ၉ ရက် ဘာတီမိုးကနေ လော့အိန်ဂျယ်လိစ်ကို သွားတဲ့ စပစ်လေကြောင်းလိုင်းပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အရက်မှုးနေတဲ့ ခရီးသွား၂ ဦးက သီချင်းကို အသံကျယ်ကျယ်နဲ့ ဖွင့်ခဲ့ရာမှာ ခရီးသွားတွေက အသံကို လျော့ချဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ ဒီနောက် အသံလျော့ဖို့ ပြောတဲ့ အမျိုးသမီးကို သီချင်းဖွင့်ထားတဲ့ အမျိုးသမီးက စိန်ခေါ်ခဲ့တယ်လို့ လေကြောင်းလိုင်း ပြောခွင့်ရက ပြောပါတယ်။ လေယာဉ်မောင်မယ်တွေက ခရီးသွားတွေက ရန်ပွဲကို ရပ်တန့်အောင် ကြားဝင် ဖြန်ဖျေပေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ရန်ပွဲကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ခြင်း မရှိသလို လေဆိပ်ရဲနဲ့ အက်ဖ်ဘီအိုင်တွေကလည်း ရောက်လာတယ်လို့ ဆိုပါတယ်။
5 years Ago
Up