WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660457601.5081179141998291015625', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

စပင်စာစတုန်း – DVB

စပင်စာစတုန်း

November 3, 2015

အမေရိကန် လေတပ်ဝန်ထမ်း ၃ လအတွင်း ရာထူး ၂ ကြိမ်တိုး

ပြင်သစ်နိုင်ငံမှာ သြဂုတ်လက ရထားတိုက်ခိုက်မှု တရပ်ကို ဟန့်တားကူညီခဲ့သူ အမေရိကန် လေတပ်ဝန်ထမ်း စပင်စာ စတုံးဟာ ရှားရှားပါးပါး ၃ လအတွင်း ရာထူး ၂ ကြိမ် တိုးခဲ့ပါတယ်။ ပထမအဆင့် လေတပ် တပ်သား စတုံးကို အကြီးတန်း လေတပ်သားအဖြစ် ရာထူးတိုးအပြီးနောက်မှာ တပ်ကြပ်အဆင့်ကို ထပ်တိုးပေးခဲ့တာပါ။ ဒုတိယ ရာထူးတိုးမှုကိုတော့ လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာခ် အေ ဝဲလ်ရှ် သရီးရဲ့ အမိန့်နဲ့ တိုးပေးခဲ့တာ ဖြစ်ပါတယ်။ လေတပ် လမ်းညွှန်ချက်တွေအရ လေတပ် စစ်ဦးစီးအရာရှိချုပ်ဟာ စာရင်းဝင် လေတပ်သား ဘယ်သူ့ကိုမဆို ပိုမြင့်တဲ့ရာထူးကို တိုးပေးဖို့ အခွင့်အာဏာရှိပါတယ်။ ပါရီမြို့က ရထားပေါ်မှာ သေနတ်သမားကို နှိမ်နင်းခဲ့အပြီး စတုံးဟာ ခုလို ရှားရှားပါးပါး ဂုဏ်ပြုခံရတာပါ။ အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် အမျိုးသား အစောင့်တပ်က စတုံးနဲ့ သူငယ်ချင်း ၂ ဦးတို့ဟာ ပါရီမြို့က မြန်နှုံးမြင့် ရထားပေါ်မှာ အေကေ ၄၇ ရိုင်ဖယ်သေနတ်နဲ့ ပစ္စတိုတို့ကို ကိုင်ဆောင်ထားတဲ့ သေနတ်သမားတဦးကို  သြဂုတ်လက လက်ရ ဖမ်းခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ကြောင့် အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့က ချီးကျူး ဂုဏ်ပြုခဲ့ပါသေးတယ်။ စတုံးဟာ အောက်တိုဘာလကလည်း စခရာမန်တို အရက်ဆိုင်က ရန်ပွဲကို ဖျန်ဖြေရင်း ဓားနဲ့ အချက်များစွာ အထိုးခံခဲ့ရလို့ သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရပါသေးတယ်။
7 years Ago
Up