စန်တီယေဂို

A d v e r t i s e m e n t With Us

April 7, 2020

စန်တီယေဂိုမြို့တော်တွင် တောင်ခြင်္သေ့တကောင် ထပ်ဖမ်းမိ

ချီလီအာဏာပိုင်တွေဟာ စန်တီယေဂိုမြို့တော်က ကွန်ဒိုမီနီယံ အိမ်ရာဝင်းထဲမှာ လျှောက်သွားနေတဲ့ တတိယမြောက် တောင်ခြင်္သေ့တကောင်ကို ဧပြီ ၆ ရက်က ဖမ်းမိခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်သုံးပတ်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်ခဲ့ပြီးတည်းက တတိယမြောက် မြင်ရတဲ့ တောင်ခြင်္သေ့အရိုင်းလည်း ဖြစ်ပါတယ်။ အရင်အပတ်ကလည်း စန်တီယေဂိုမြို့တော် အလယ်ပိုင်းက ဒေသခံတွေဟာ တောင်ခြင်္သေ့ အငယ်တကောင် လမ်းပေါ် လျှောက်သွားနေလို့ အံ့အားသင့်ခဲ့ရပါတယ်။ ချီလီနိုင်ငံ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း ညွှန်ကြားရေးမှူးကတော့ ဖမ်းမိထားတဲ့ တတိယမြောက် တောင်ခြင်္သေ့ကို မေ့ဆေးပေးထားပြီး ကျန်းမာရေး ပိုကောင်းလာစေဖို့ စန်တီယေဂို မြို့တော် တိရစ္ဆာန်ဥယျာဉ်ထဲကို ခေါ်သွားပြီးပြီလို့ ပြောပါတယ်။ ညဘက်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့အပြင် မိုးခေါင်လို့ သားရိုင်းတွေ အစာရှာဖို့ လူထူထပ်တဲ့နေရာတွေဆီအထိ ဆင်းလာခဲ့ကြတာ ဖြစ်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။
11 months Ago
Up