မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
စနိုးကြည်ဖြူ
Home
စနိုးကြည်ဖြူ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 22, 2020
1.9K
အကယ်ဒမီ ရွှေကြိုမောင်မယ်ရွေးချယ်ပွဲတွင် ခန့်ညီဇော်၊ စနိုးကြည်ဖြူတို့ ပရိသတ်အချစ်ဆုံး ဆုရ (ရုပ်သံ)
၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ် အယောက် ၂၀ ကို အပြီးသတ် ရွေးချယ်လိုက်ပါတယ်။
အခုနှစ် ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲဟာ နှစ် ၁၀၀ ပြည့် အခမ်းအနားဖြစ်လာမှာမို့ ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားခဲ့ကြပေမယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနိုင်ခြေရှိတဲ့ အန္တရာယ်ကြောင့် အခမ်းအနား ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းထားခဲ့တာပါ။
ဒါပေမဲ့ ရွှေကြိုမျိုးဆက်သစ် သရုပ်ဆောင်မောင်မယ် ရွေးချယ်ပွဲတွေကိုတော့ အရည်အချင်းစစ်ကာ အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အပြီးသတ်ရွေးချယ်လိုက်တဲ့ ရွှေကြိုမောင်တွေကတော့ မင်းအာကာ၊ ရဲရင့်စည်သူအောင်၊ ဖြိုးထက်ဒီပိုင်၊ ပိုင်အိမ်ခ၊ မိုးမြင့်၊ ထွန်းဝီရ၊ တေဇာဖြိုး၊ ကျော်ဇင်၊ ရဲရင့်မောင်မောင်၊ မင်းကိုသန့်တို့ ဖြစ်ကြပြီး...
ရွှေကြိုမယ်တွေကတော့ ခြူးပြည့်အိမ်စည်၊ ယွန်းဝင့်လွှာအောင်၊ ဆုသဉ္ဇာဝင်း၊ ဖူးမြတ်နှင်း၊ ရွှေရည်ဝင်းထက်စံ၊ မေနန္ဒာကျော်၊ ယုယလျှမ်းဝေ၊ အိမ့်ချစ်ချစ်၊ ဟန၊ စနိုးကြည်ဖြူတို့ ဖြစ်ကြပါတယ်။
<
>
အရင်နှစ်တွေတုန်းကတော့ ရွှေကြိုမောင်မယ်တွေကို အနုပညာရှင်တွေနဲ့ နီးစပ်ရာ မျိုးဆက်သစ်တွေကို ရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အနုပညာဝါသနာပါတဲ့ ဘယ်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ကြောင်း လျှောက်လွှာခေါ်ယူကာ အဆင့်ဆင့် ရွေးချယ်ကျင်းပခဲ့တာပါ။
အခုနှစ်မှာတော့ ဝါရင့်သရုပ်ဆောင်၊ ဒါရိုက်တာ အနုပညာရှင် ဒိုင်တွေက ရွေးချယ်တဲ့ ရွှေကြိုမောင်မယ်တွေအပြင် ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ ပရိသတ်အချစ်ဆုံးရွှေကြိုမောင်မယ်ဆု (People Choice Award) ကိုပါ ထည့်သွင်းပေးအပ်ခဲ့တာဖြစ်ပြီး မျိုးဆက်သစ်ပြိုင်ပွဲဝင် ၂ ဦးဖြစ်ကြတဲ့ ခန့်ညီဇော်နဲ့ စနိုးကြည်ဖြူတို့က ရရှိသွားကြပါတယ်။
12 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up