ဂျိုးဘိုင်ဒင် သမ္မတ ရာထူးရယူတဲ့အခါ စနစ်တကျ အာဏာလွှဲပေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက်မှာ ကတိပေး ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒင်အနိုင်ရကြောင်း ကွန်ဂရက်လွှတ်တော်က အတည်ပြု ကြေညာခဲ့ပြီးနောက် သမ္မတ ထရမ့်က အဲဒီလို ပြောလိုက်တာပါ။
"ရွေးကောက်ပွဲရလဒ်ကို လုံး၀ သဘောမတူပေမဲ့ နောက်ပြီး အချက်အလက်တွေက အတည်ပြုပေမဲ့ ဇန်နဝါရီ ၂၀ ရက်မှာ စနစ်တကျ အာဏာလွှဲပေးသွားမယ်"လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်တင်တဲ့ တွစ်တာပို့စ်မှာ ထရမ့်က ပြောတာပါ။
သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့ရဲ့ မဲရလဒ်တွေက အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဘိုင်ဒင်က လက်ရှိသမ္မတ ထရမ့်ပေါ် အနိုင်ရတာကို ပြသခဲ့တယ်ဆိုပြီး ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ ပါတယ်။
2 months Ago