စနစ်

February 23, 2019

အခမဲ့ကျန်းမာရေးစနစ်နှင့်ပိုကောင်းသည့် ပညာသင်အခွင့်အလမ်း ဖန်တီးပေးမည်ဟု ဆီနီဂေါ သမ္မတပြော

နိုင်ငံသားအားလုံး အကျုံးဝင်တဲ့ အခမဲ့ ကျန်းမာရေးစနစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ပညာသင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ ဆီနီဂေါ ရွေးကောက်ပွဲမတိုင်မီ  မဲဆွယ်စည်းရုံးပွဲအတွင်း သမ္မတ မာချီဆာက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီမဲဆွယ်စည်းရုံးပွဲမှာ ဂရမ်ဆီဆုရှင် ဆီနီဂေါ အဆိုတော် ယူဆူဒွန်က သမ္မတ မာချီဆာအတွက် ဂုဏ်ပြုတေး သီဆိုပေးခဲ့ပါတယ်။ လာမယ့် ၂၀၃၅ မှာ  ဆီနီဂေါနိုင်ငံကို  ထွန်းသစ်စ စီးပွားရေး အားကောင်းတဲ့ နိုင်ငံတခု ဖြစ်လာရေးအတွက် မာချီဆာဟာ သမ္မတ တာဝန်ထမ်းဆောင်ချိန်အတွင်း ကြီးမားလှတဲ့ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် စတင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ရထားလမ်း စီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေးရေးနဲ့ ဒါကာ မြို့ပြင်မှာ မြို့သစ်တည်ရေး အပါအ၀င် ထုထည်ကြီးလှတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး  ပရောက်ဂျက်တွ ပါဝင်ပါတယ်။ ဒါပေမယ့် မာချီဆာရဲ့ အဓိက အတိုက်အခံ ကယ်လီဖာဆာနဲ့ ကာရင်မ်ဝိတ်တို့ကို ရွေးကောက်ပွဲ ၀င်ရောက်ခွင့် တားမြစ်တဲ့အပေါ်မှာ မဲဆန္ဒရှင်တွေက လက်မခံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ ဆန့်ကျင်ဆန္ဒပြမှု တွေအပေါ် အင်အားသုံး နှိမ်နှင်းမှုကလည်း မာချီဆာဟာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပေါ်ထွက်စေပါတယ်။ ဆီနီဂေါ သမ္မတ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျင်းပမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

September 15, 2018

ကျောင်း​များတွင် အမှိုက်​ပုံး​ စနစ်​တကျထား​ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှု လျှော့ချနိုင်ရေးအတွက် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့နဲ့ ကျောင်း​တွေမှာ အမှိုက်​ပုံး​တွေ စနစ်​တကျထား​ပေးကြဖို့ မန္တ​လေးဝန်​ကြီးချုပ်​ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ မန္တ​လေး၊ မဟာ​အောင်​​မြေမြို့နယ်​၊ မ​နော်​ရမ္မံလူထုဟစ်​တိုင်​ကွင်းမှာ ဒီနေ့ကျင်းပတဲ့ ကမ္ဘာ့သန့်​ရှင်း​ရေး​နေ့အခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။ “အမှိုက်​​တွေဟာ တ​နေ့တခြား များပြားလာတဲ့အတွက်​ စနစ်​တကျစွန့်​ပစ်ကြဖို့ ပြည်​သူ​တွေ အသိပညာ​တွေ တိုးလာ​စေချင်​တယ်။ ဘာ​ကြောင့်လဲဆို​တော့ ကမ္ဘာကြီး ပူ​နွေးလာပြီး ရာသီဥတု​တွေ​ ဖောက်​လာတာဟာ အမှိုက်​​တွေ​ကြောင့် ကျ​နော်​တို့နိုင်​ငံမှာ တရက်​ကို အမှိုက်​တန်​ချိန်​ ၈ သန်း​လောက်​ထွက်​​နေတယ်​။ ဒါ​တွေ​လျော့ကျဖို့ အ​ခြေခံကျတဲ့ စာသင်​​ကျောင်း​တွေမှာ အမျိုးအစားခွဲပြီး စွန့်​ပစ်​ရမယ့် အမှိုက်​ပုံး​တွေခ ချထား​ပေးဖို့ လိုအပ်​တယ်​။” clean mandalay Campaign ဥက္ကဋ္ဌ ဦးသန့်ဇင်​က​ “​ကျ​နော်​တိုနိုင်​ငံမှာလည်း အမှိုက်​နဲ့ပတ်​သက်​တဲ့ အန္တ​ရာယ်​​တွေက တ​နေ့တခြား များလာတာ​ကြောင့် အမှိုက်​ကို စနစ်​တကျ စွန့်​ပစ်​တတ်​​စေဖို့နဲ့ ​လျော့ကျ​အောင် ​အသုံးပြုတတ်​ဖို့ ရည်​ရွယ်​ပြီး ပြုလုပ်​ရတာ” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို မန္တ​လေးစည်​ပင်​သာယာ​ရေး​ကော်​မတီသန့်​ရှင်း ရေးဌာနနဲ့ clean mandalay Campaign အဖွဲ့တို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ​ကျောင်း​ပေါင်း ၇ ​ကျောင်းက ​ကျောင်းသား​ကျောင်​သူ ၁၂ဝဝ ​ကျော်​တို့ တက်​​ရောက်​ကာ အမှိုက်​တွေကို မန္တ​လေးတိုင်းဝန်​ကြီးချုပ်​နဲ့အတူ လိုက်​ကောက်​ခဲ့ကြပါတယ်​။ ကမ္ဘာ့သန့်​ရှင်း​ရေး​နေ့ အထိမ်းအမှတ်​​နေ့ကို မန္တ​လေးတိုင်း​ဒေသကြီးအစိုရအဖွဲ့​၊ စည်​​ပင်​သာယာ​ရေး​ကော်မတီ မြို့်​​တော်​ဝန်​နဲ့အတူ သန့်​ရှင်း​ရေးဌာနက တာဝန်​ရှိသူတွေနဲ့ စိတ်​ပါဝင်​စားစားသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။
3 years Ago
Up