စထိုးနှံ

December 30, 2020

စင်ကာပူတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးနှံပေး

စင်ကာပူနိုင်ငံမှာ   ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးနေပါပြီ။  ဒီနေ့မှာပဲ  စင်ကာပူဟာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပြီး အရှေ့တောင်အာရှမှာ  ပထမဆုံး ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တစ်ခုကို စတင်လိုက်တာပါ။  ကိုဗစ်ကာကွယ်ဆေး ထိုးနှံရသူ ကျန်းမာရေးဝန်ထမ်း အယောက် ၃၀ ကျော်မှာ အသက် ၄၆ နှစ်အရွယ် သူနာပြု ဆာရာလင်းနဲ့ အသက် ၄၃ နှစ်အရွယ် ကူးစက်ရောဂါကု ဆရာဝန်  ကယ်လစ်ဗာ မာရီမူတူးတို့လည်း ပါဝင်ပါတယ်။  ဒီနေ့ ကာကွယ်ဆေးထိုးနှံသူ အားလုံးဟာ ဇန်နဝါရီ ၂၀ ရက်မှာ ဒုတိယအကြိမ် ထိုးနှံရမှာ လည်း ဖြစ်ပါတယ်။  နိုင်ငံလူဦးရေ ၅ ဒသမ ၇ စလုံးကို ကာကွယ်ဆေးထိုးနှံပေးဖို့  ၂၀၂၁ တတိယသုံးလပတ်မှာ ကာကွယ်ဆေးအလုံအလောက်ရရှိဖို့ စင်ကာပူဟာ မျှော်လင့်ထားပါတယ်။ 
10 months Ago
Up