စတေကာကမ်ပိန်း

February 5, 2021

ပြည်သူရွေးထားသည့် အစိုးရကိုသာ ထောက်ခံကြောင်း ပုသိမ်တွင် စတေကာကမ်ပိန်းပြုလုပ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက လူစည်ကားရာနဲ့ လူအများ မြင်တွေ့နိုင်မယ့် နေရာတွေမှာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရကိုသာ ထောက်ခံကြောင်း စတေကာတွေကို လိုက်ကပ်တဲ့ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

ဒီကမ်ပိန်းကိုတော့ ပုသိမ်မြို့က ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေပူးပေါင်းပြီး ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း

2 months Ago

May 25, 2020

ဝမ်းတွင်းတွင် မိမိကစ၍ကာကွယ်ပါ စာသားပါ စတေကာကမ်ပိန်း ပြုလုပ်

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေးတဲ့အနေနဲ့ မေလ ၂၄ ရက်က မိမိကစ၍ကာကွယ်ပါ စာသားပါ စတေကာကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ထောက်ပံ့ရေးကော်မတီဝင် ဦးတင်ဆင့်က “ကိုဗစ်-၁၉ ရောဂါကို မိမိကစပြီး ကာကွယ်ကြရင် ကူးစက်မှုမရှိတော့ဘဲ အဲဒီရောဂါ ပျောက်သွားမှာပါ။ အဲဒါကြောင့် စတေကာကမ်ပိန်း လုပ်ဖြစ်ပါတယ်။ ဝမ်းတွင်းမြို့ အဝင်အထွက်နေရာတွေမှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်၊ ကား၊ ထော်လာဂျီ ယာဉ်ပေါင်းစုံကို စတေကာတွေ ကပ်ပေးလိုက်တယ်။ အသိပညာရှိလာတော့ လူတိုင်းလိုလို Mask တွေ တပ်လာကြပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ‘မိမိကစ၍ကာကွယ်ပါ’ စာသားပါ စတေကာ ၆၀၀၀ လောက်အား ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်နဲ့ ဝမ်းတွင်း-ရိုးစုံလမ်းတို့မှာ ၃ ရက်ဆက်တိုက် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုကူညီရေးအဖွဲ့တွေ၊ ရပ်ကျေးအုပ်ချုပ်ရေး စတဲ့ လူအင်အား ၃၀ လောက်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။ စွန်ချောင်းရွာနေ ဦးပုက “ဒီစတေကာလေး ကပ်ပေးလိုက်တာ အတော် သဘောကျနေတာ၊ ဒါလေးမြင်တော့ ရောဂါမပြန့်ပွားအောင် ကိုယ်ကိုယ်တိုင်က စလုပ်ရမယ်ဆိုတာ သတိထားမိစေတယ်၊ တခြားသူတွေကိုလည်း သတိပေးနေသလိုပါပဲ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ မေလ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံက ပြန်လာသူ ၁၀၀ လောက် ရှိနေပြီး ပြည်ပနိုင်ငံတွေက ပြန်လာကြသူပေါင်း ၁၆၀၀ ကျော်ရှိနေပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိသေးဘူးလို့ သိရပါတယ်။ မောင်မောင်လင်း
11 months Ago
Up