စတိုးဆိုင် ၀င်ခိုးသည့် သူခိုးကို တိုက်ခိုက်ဖမ်းဆီး

A d v e r t i s e m e n t With Us

May 10, 2016

စတိုးဆိုင် ၀င်ခိုးသည့် သူခိုးကို တိုက်ခိုက်ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ကော့ယောက ဆဲဗင်းအလဲဗင်း စတိုးဆိုင်မှာ စာရင်းကိုင်က ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားတဲ့ သူခိုးကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို လုံခြုံရေးကင်မရာနဲ့ မှတ်တမ်းတင်ထားခဲ့ပြီး ဧပြီ ၁၀ ရက်မှာ ရုပ်သံဖိုင်ဟာ အင်တာနက်ကနေတဆင့် ပျံ့နှံ့သွားပါတယ်။ ဆဲဗင်းအလဲဗင်း စတိုးဆိုင်ရဲ့ စာရင်းကိုင် နာရုန်းရစ်ဆီရိဟာရန်က သူခိုးကို စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ သူခိုးကို ရဲလက်အပ်လိုက်ပါတယ်။ နာရုန်းရစ်ဆီရိဟာရန်က အော်ဟစ် အကူအညီတောင်းခဲ့သလို အမျိုးသမီး အရောင်းစာရေးကို သူခိုးစိုးရွံ့စေဖို့အတွက် အနောက်မှာရှိတဲ့ သေနတ်ယူခဲ့ဖို့ ပြောဆိုခဲ့ပါတယ်။ တကယ်တော့ အနောက်မှာ သေနတ်မရှိဘူးလို့လည်း သူက ပြောပါတယ်။ အခုလို သူခိုးကို တိုက်ခိုက်ပြီး ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်က သူ့ကို ဘတ် ၅၀၀ ချီးမြှင့်ခဲ့ပါတယ်။
5 years Ago
Up