စတုဒီသာများ ကျွေးမွေးဧည့်ခံ

March 31, 2018

မန္တလေးတွင် သမ္မတသစ်ကို ဂုဏ်ပြုသည့်အနေဖြင့် စတုဒီသာများ ကျွေးမွေးဧည့်ခံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ၁၀ ဦးမြောက် သမ္မတကြီး ဦးဝင်းမြင့်ကို ဂုဏ်ပြုကြိုဆိုတဲ့အ​နေနဲ့ ချမ်း​အေးသာဇံမြို့နယ်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးကော်မတီက မတ်​ ၃၀ ရက်​​နေ့ မွန်း​လွဲ ၃ နာရီအချိန်​ကစတင်​ပြီး စတုဒီသာအဖြစ်​ မုန့်ဟင်းခါး၊ အချိုရည်တို့နဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်​။ မတ်​ ၂၉ ရက်​​နေ့ကလည်း မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ထဲက ​ကျောက်​မျက်​​ရောင်းဝယ်​​ရေး စခန်းမှာလည်း သမ္မတကြီး ဦးဝင်းမြင့်ကို ကြိုဆိုဂုဏ်​ပြုတဲ့အ​နေနဲ့ စတုဒီသာ ထမင်း​ကျွေး​ခဲ့ကြပါ​သေးတယ်​။
3 years Ago
Up