စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်

A d v e r t i s e m e n t With Us

December 7, 2016

မြန်မာနောင်း သတင်းမီဒီယာ သတင်းထောက်ချုပ် ကိုဆွေဝင်းအား စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှုကို ထုတ်ဖော်ရေးသားခဲ့တဲ့ မြန်မာနောင်း သတင်းမီဒီယာ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ကနေ စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်ခဲ့ပါတယ်။ “သတင်းကို တိကျခိုင်လုံမှုရှိရှိ၊ တာဝန်ယူတာဝန်ခံမှုရှိရှိရေးသားပြီး နိုင်ငံတော်အဆင့်ထိ ထိရောက်အောင် ရေးသားခဲ့တဲ့အတွက် ကိုဆွေဝင်းကို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်တာပါ”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။ ဒီအခန်းနားကိုတော့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ကိုဆွေဝင်းနဲ့အတူ မြန်မာရေလုပ်သားတို့ရဲ့ ဘဝကို ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရတဲ့ မအက်စတာထုဆန်ကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆုချီးမြှင့် ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး
4 years Ago

September 25, 2016

သတင်းထောက်ချုပ် ကိုဆွေဝင်းအား စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်

Myanmar Now သတင်းအေဂျင်စီက သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ အိမ်အကူမိန်းကလေးငယ် နှစ်ဦးနှိပ်စက်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရေး သားခဲ့တဲ့သတင်းကြောင့် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေ ပေါ်ထွက်လာခဲ့တဲ့အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်းထောက်ချုပ် ကိုဆွေဝင်းကို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်ပေးဖို့ စက်တင်ဘာလ ၂၄ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ကိုဆွေဝင်းရဲ့စွမ်းဆောင်ချက်တွေဟာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ရှားစေရုံသာမကဘဲ သတင်းမီဒီယာရဲ့ပုံရိပ်ကိုလည်း မြင့်တက်စေခဲ့တာကြောင့် သတင်းမီဒီယာကောင်စီက စတုတ္တမဏ္ဍိုင်ဆုကို ချီးမြင့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောပါတယ်။ နိုင်ငံတော်သမ္မတကလည်း ဒီလိုစုံးစမ်းဖော်ထုတ်ပေးနိုင်ခဲ့တဲ့ မြန်မာနောင်း သတင်းထောက်ချုပ်ကိုဆွေဝင်းကို ဂုဏ်ပြုအသိမှတ်ပြု တဲ့လက်မှတ်ကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင်က အခမ်းအနားနဲ့ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။
4 years Ago
Up