စတုတ်တိုက်စစ်မှူး ဘိုဂျန်ကာကစ် ဂျာမန်ကလပ် မိန့်ဇ်အသင်းသို့ ပြောင်း

January 30, 2017

စတုတ်တိုက်စစ်မှူး ဘိုဂျန်ကာကစ် ဂျာမန်ကလပ် မိန့်ဇ်အသင်းသို့ ပြောင်း

စတုတ်စီးတီးအသင်း တိုက်စစ်မှူး ဘိုဂျန်ကာကစ်ဟာ ဂျာမန်ကလပ် မိန့်ဇ်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီ မကုန်ခင်အထိ မိန့်ဇ်အသင်းမှာ ရှိနေမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကာကစ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စတုတ်အတွက် ၅ ပွဲပဲ ကစားခွင့် ရထားပါတယ်။ သူ့ကို မစ်ဒယ်ဘရော့အသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။ စပိန် တိုက်စစ်မှူး ကာကစ်ဟာ ဘာစီလိုနာအသင်းကနေ ၂၀၁၄ ခုနှစ်မှာ စတုတ်စီးတီးကို ရောက်ရှိလာတာပါ။ သူဟာ ရိုးမား၊ အေစီမီလန်နဲ့ အေဂျက်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။
4 years Ago
Up