စတုတ်တိုက်စစ်မှူး

February 4, 2017

စတုတ်တိုက်စစ်မှူး မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပွဲပယ်ပြစ်ဒဏ် ချမတ်ခံရ

စတုတ်စီးတီးတိုက်စစ်မှူး ဘရာဟီနိုဟာ မူးယစ်ဆေးဝါးသုံးစွဲကြောင်း ဆေးစစ်ချက်အဖြေပေါ်ခဲ့တာကြောင့် ၈ ပတ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ စတုတ်စီးတီးနည်းပြ မာ့ခ်ျဟာခ်ျကိုယ်တိုင် အတည်ပြုခဲ့ပြီး ဘရာဟီနိုအနေနဲ့ ၈ ပတ်ပွဲပယ် ပြစ်ဒဏ်ချခံရမယ်လို့ ပြောပါတယ်။ အင်္ဂလန်အက်ဖ်အေဟာ ဘရာဟီနိုကို မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ စစ်ဆေးခဲ့ရာမှာ သုံး စွဲခဲ့ကြောင်း အဖြေရရှိခဲ့တဲ့အတွက် အခုပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အင်္ဂလန်အက်ဖ်အေအနေနဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီစည်းမျဉ်းအရ ပရီးမီးယားလိဂ် ကစားသမားတွေကို မူးယစ်ဆေး သုံးစွဲခြင်း ရှိမရှိ စစ်ဆေးနိုင်ပြီး တွေ့ရှိပါက အရေးယူမှုတွေပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိ အင်္ဂလန်ယူ ၂၁ တိုက်စစ်မှူးဟောင်း ဘရာဟီနိုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကမှ ၀က်စ်ဘရွန်းအသင်းကနေ စတုတ်စီးတီးအသင်းထံ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး စတုတ်စီးတီးအသင်းအတွက် တစ်ပွဲပဲကစားရသေးတာဖြစ်ပါတယ်။
4 years Ago
Up