စတုတ်စီးတီးနှင့်ဆွမ်ဆီး

May 6, 2018

တန်းဆင်းဇုန်ထဲက စတုတ်စီးတီးနှင့်ဆွမ်ဆီးတို့ ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တန်းဆင်းဇုန်ထဲက ၀က်စ်ဘရွန်း အနိုင်ရပြီး စတုတ်စီးတီးနဲ့ ဆွမ်ဆီးတို့ ရှုံးနိမ့်ကာ ဆောက်သမ်တန်ကတော့ သရေကျသွားပါတယ်။ ၀က်စ်ဘရွန်းအသင်းက အိမ်ကွင်းမှာ စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အနိုင်ဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀ မှာ လစ်ဗာမိုးက သွင်းယူခဲ့တာဖြစ်ပါတယ်။ စတုတ်စီးတီးကတော့ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ စတုတ်စီးတီးက ပွဲချိန် ၄၃ မိနစ်မှာ ရှာကွီရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး ပဲလေ့စ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၆၈ နဲ့ ၈၆ မိနစ်တွေမှာ ဂျိမ်းနဲ့ ပက်ထရစ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်ကတော့ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဗာတန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အတွက် ပွဲချိန် ၅၆ မိနစ်မှာ နက်သန်က သွင်းယူခဲ့တာဖြစ်ပြီး အဲဗာတန်အတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၉၀ မှာ ဒေးဗစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းကတော့ ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဘုန်းမောက်အတွက် အနိုင်ဂိုးကိုတော့ ၃၇ မိနစ်မှာ ရိုင်ရန်က သွင်းယူခဲ့တာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ၃၆ ပွဲစီကစားထားတဲ့ ဆောက်သမ်တန်နဲ့ ဆွမ်ဆီးက ၃၃ မှတ်စီ၊ ၃၇ ပွဲစီကစားထားတဲ့ ၀က်စ်ဘရွန်းက ၃၁ မှတ်နဲ့ စတုတ်က အမှတ် ၃၀ ရရှိထားပါတယ်။ တန်းဆင်းဇုန်အန္တရာယ်ထဲရောက်နေတဲ့ ၄ သင်းထဲက ဘယ်အသင်း ပရီးမီးယားလိဂ်မှာ ကျန်ခဲ့မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up