စတုတ်စီးတီးအသင်း

A d v e r t i s e m e n t With Us

September 1, 2016

ဘိုနီကို စတုတ်စီးတီးအသင်းက ၁ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူ

စတုတ်စီးတီးအသင်းက မန်စီးတီး တိုက်စစ်မှူး ဘိုနီကို တနှစ်အငှားစာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဘိုနီဟာ ဆွမ်ဆီအသင်းကနေ ၂၀၁၅ မှာ မန်စီးတီးကို ပေါင် ၂၈ သန်းနဲ့ ရောက်ရှိလာတာပါ။ အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ မန်စီးတီးအတွက် ၁၅ ပွဲသာ ကစားပေးထားရပါတယ်။ ဒါ့အပြင် မန်စီးတီး နည်းပြသစ် ဂွာဒီယိုလာ လက်ထက်မှာလည်း ပွဲထွက် ကစားခွင့် မရသေးပါဘူး။ တိုက်စစ်မှူး ဘိုနီဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၄ ပွဲမှာ ၁၃ ဂိုး သွင်းပေးထားပါတယ်။
5 years Ago

February 12, 2016

စတုတ်စီးတီးအသင်း တိုက်စစ်မှူး ကာကစ်ကို စာချုပ်သက်တမ်းတိုး

ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းက တိုက်စစ်မှူး ဘိုဂျန် ကာကစ်ကို ၄ နှစ်ခွဲစာချုပ်နဲ့ သက်တမ်းတိုး လိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာက ပြောင်းရွေ့ကြေး မဖော်ပြဘဲ စတုတ်စီးတီးကို ရောက်ရှိလာတာပါ။ စပိန် တိုက်စစ်မှူး ဘိုဂျန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တ၀က်ကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ သူဟာ စတုတ်အတွက် ၄၁ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းပေးထားပါတယ်။ စတုတ်စီးတီးဟာ လောလောဆယ် အမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up