မနေ့ညက ယှဉ်ပြိုင်သွားတဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးက စတုတ်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ စတုတ်အသင်းက အိမ်ကွင်းမှာ မာမာထန်ထန် ယှဉ်ပြိုင်သွားတဲ့ လီဗာပူးအသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။
စတုတ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ နိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေမှာလည်း အပြန်အလှန် ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၃၇ မိနစ်မှာ အိုင်ဘီက သွင်းယူပါတယ်။
ပထမပိုင်း မပြီးခင်မှာပဲ လီဗာပူးအသင်းမှာ အားထားရတဲ့ အလယ်တန်းသမား ကော်တင်ဟိုနဲ့ နောက်ခံလူ လိုဗန်တို့ ဒဏ်ရာကြောင့် လူစားလဲတာ ခံခဲ့ရပါတယ်။ ပထမအကျော့မှာ အနိုင်ရလိုက်လို့ လီဗာပူးအသင်းဟာ ဒုတိယအကျော့အတွက် တပန်းသာသွားပြီ ဖြစ်ပါတယ်။
လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ အောင်မြင်မှု အများဆုံး ဖြစ်ပြီး ချန်ပီယံ ၈ ကြိမ် ဖြစ်ဖူးထားပါတယ်။
7 years Ago