စတုတ်

January 16, 2019

အက်ဖ်အေဖလား ပြန်ကန်ပွဲတွင် နယူးကာဆယ်၊ ရှက်ဖီးဝမ့်စ်ဒေးနှင့် ရှရူးဘူရီတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ရာ နယူးကာဆယ်၊ ရှက်ဖီးဝမ့်စ်ဒေးနဲ့ ရှရူးဘူရီတောင်းတို့ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းရိုဗာစ်နဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်တို့ ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂ ဂိုးစီသရေကျနေတဲ့အတွက် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ အချိန်ပိုမှာ နယူးကာဆယ်က ၂ ဂိုး ဆက်သွင်းပြီး ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ပွဲအစ ၁ မိနစ်မှာပဲ နယူးကာဆယ် အဖွင့်ဂိုးရပြီး ရှောင်လောင်းစတပ်ဖ်က သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၂၂ မိနစ်မှာ ရောဘတ်စ်က နယူးကာဆယ်က ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ၃၃ မိနစ်နဲ့ ပထမပိုင်းပြီးခါနီးမှာ ဘလက်ဘန်းက ချေပဂိုးနှစ်ဂိုး ပြန်သွင်းနိုင်ခဲ့လို့ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ဘဲ ၂ ဂိုးစီသရေကျနေခဲ့လို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ နယူးကာဆယ်က ဂျို့စ်လူးနဲ့ ပီရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားတာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ဂိုးမရှိသရေကျလို့ ပြန်ကန်ရတဲ့ လိဂ်ဝမ်းကလပ် လူတန်တောင်းနဲ့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝမ့်စ်ဒေးတို့ ပွဲစဉ်မှာတော့ ရှက်ဖီးက ပွဲချိန် ၄၆ မိနစ်မှာ သွင်းယူနိုင်တဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရသွားပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်တဲ့ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးနဲ့ လိဂ်ဝမ်းကလပ် ရှရူးဘူရီတောင်းတို့ ပွဲစဉ်မှာတော့ ရှရူးဘူရီက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ၁ ဂိုးစီသရေကျတဲ့အတွက် အခုပွဲ ပြန်ကန်ရတာလည်း ဖြစ်ပါတယ်။ စတုတ်စီးတီးဟာ ပွဲချိန် မိနစ် ၂၀ နဲ့ ၃၆ မိနစ်တွေမှာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ရလဒ်ကို မထိန်းနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုး ပေးလိုက်ရတာပါ။ ရှရူးဘူရီအသင်းဟာ ပွဲချိန် ၇၁ မိနစ်၊ ၇၇ မိနစ်နဲ့ ၈၁ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကိုတော့ လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး နယူးကာဆယ်က ဝတ်ဖို့ဒ်နဲ့၊ ရှရူးဘူရီက ဝုဗ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှက်ဖီးဝမ့်စ်ဒေးကတော့ ချဲလ်ဆီးနဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

September 3, 2018

စတုတ်တိုက်စစ်မှူး အဲရစ်ချောင်ပိုမော့တင်းကို ပီအက်စ်ဂျီ ခေါ်ယူ

ပီအက်စ်ဂျီအသင်းဟာ စတုတ်စီးတီးအသင်းရဲ့ ကင်မရွန်းလက်ရွေးစင် တိုက်စစ်မှူး အဲရစ်ချောင်ပိုမော့တင်းကို အပြောင်းအရွှေ့မပိတ်မီ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲရစ်ဟာ စတုတ်စီးတီးအသင်းအတွက် ၃၂ ပွဲကစားပြီး ၅ ဂိုးသာ သွင်းယူခဲ့ပေမယ့် ပြင်သစ်ထိပ်သီးက ပေါင် ၁၃ ဒသမ ၅ သန်းနဲ့ ၂ နှစ်စာချုပ် ချုပ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲရစ်အနေနဲ့ စတုတ်စီးတီးအသင်းဟာ တန်းဆင်းခဲ့ရပြီးတဲ့နောက် တပွဲမှ မကစားရသေးဘဲ ကံကောင်းစွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အပြောင်းအရွှေ့တခုအဖြစ် ပြင်သစ်တိုက်စစ်မှူး မိုဆာဒမ်ဘီလီကိုလည်း လိုင်ယွန်အသင်းက ၂၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ ၉၄ ပွဲမှာ ၅၁ ဂိုးထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့အတွက် နှစ်ရက်တိုင်တိုင် နေ့ည ကြိုးပမ်းခဲ့ရတယ်လို့ လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန်မိုက်ကယ်အောလက်စ်က ပြောကြားခဲ့ပါတယ်။
3 years Ago
More News
Up