စတီဗန်နိုဗစ်

November 1, 2020

ဆားဘီးယားလူငယ်ကြယ်ပွင့် စတီဗန်နိုဗစ်ကို မန်စီးတီးအသင်း ခေါ်ယူ

မန်စီးတီးအသင်းဟာ ပါတီဇန်အသင်းက ဆားဘီးယားလူငယ်ကြယ်ပွင့် စတီဗန်နိုဗစ်ကို   ပေါင် ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။  အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ စတီဗန်နိုဗစ်ကို မန်ယူအသင်း အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရရှိခဲ့တာလို့ သိရပါတယ်။  တောင်ပံတိုက်စစ်ကစားသမား စတီဗန်နိုဗစ်ဟာ ဆားဘီးယားကလပ် ပါတီဇန်ဘဲလ်ဂရိတ်အသင်းအတွက် ၅၃ ပွဲအထိ ကစားထားပြီး ၁၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။  စတီဗန်နိုဗစ်ဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ပြောင်းရွှေ့လာမှာဖြစ် ကြောင်းလည်း ပါတီဇန်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။  အသက်၁၆နှစ်ကတည်းက ပါတီဇန်အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ စတီဗန်နိုဗစ်ကို အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားတဦးအဖြစ် သတ်မှတ်ထားပါတယ်။
1 year Ago
Up