စတီဗင်ဟော့ကင်း

A d v e r t i s e m e n t With Us

October 1, 2015

ဂြိုဟ်သားတွေ ကမ္ဘာကိုသိမ်းပြီး ကိုလိုနီလုပ်နိုင်ဟု စတီဗင်ဟော့ကင်း သတိပေး

တခြားဂြိုဟ်သားတွေ ကမ္ဘာကို လာရောက်ပါက ကမ္ဘာကိုသိမ်းပြီး ကိုလိုနီပြုနိုင်တယ်လို့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းက ပြောပါတယ်။ “တကယ်လို့ တခြားဂြိုဟ်သားတွေ ရောက်လာမယ်ဆိုရင် မူရင်းနေထိုင်သူ အမေရိကန်တွေအတွက် အလားအလာ မကောင်းခဲ့တဲ့ ကိုလံဘတ် အမေရိကန်ကို ရောက်လာသလိုနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်” လို့ ပါမောက္ခ စတီဗင်ဟော့ကင်းက ပြောပါတယ်။ ဒါ့အပြင် သူတို့က ရေကြည်ရာ မျက်နုရာ လှည့်လည်နေထိုင်ပြီး ကမ္ဘာပေါ်က ရောက်သမျှနေရာတိုင်းမှာ ကိုလိုနီပြုနိုင်တယ်လို့ ဆိုပါတယ်။ ဂြိုဟ်သားတွေ ရှိတယ်ဆိုတာကတော့ သံသယရှိစရာမလိုပေမယ့် ဘယ်လိုပုံစံလဲဆိုတာ တွက်ချက်ဖို့ကတော့ စိန်ခေါ်မှု တခုဖြစ်တယ်လို့ သူက ပြောပါတယ်။ လူသားတွေ ဆက်လက်ရှင်သန်နေထိုင်ရေး အတွက်ကတော့ တခြား ဂြိုဟ်ကို ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် သဘာဝဘေးအန္တရာယ်က ကမ္ဘာကို ဖျက်ဆီးမှာ ဖြစ်တယ်လို့လည်း ဟော့ကင်းက ပြောပါတယ်။
5 years Ago
Up