စတီဗင်ဂျရတ်ကို

April 28, 2018

စတီဗင်ဂျရတ်ကို ရိန်ဂျားအသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်း

  လီဗာပူးလူငယ်နည်းပြ စတီဗင်ဂျရတ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စကော့တလန်ကလပ် ရိန်ဂျားအသင်းက ကမ်းလှမ်းထားပါတယ်။ ရိန်းဂျားအသင်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့တပတ်က ဂျရတ်နဲ့ဆွေးနွေးခဲ့ပြီး နည်းပြချုပ်အဖြစ် လက်ခံမခံကို ဂျရတ်က စဉ်းစားနေပါတယ်။ လူငယ်အသင်းနည်းပြ ဂျရတ်နဲ့ ရိန်းဂျားအသင်းတို့ရဲ့ ဆွေးနွေးမူနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြ ဂျာဂန်ကလော့က စိုးရိမ်မူမရှိတဲ့အကြောင်း ပြောပါတယ်။ ဂျရတ်အနေနဲ့ ဘယ်လိုပဲဆုံးဖြတ်ခဲ့သည်ဖြစ်စေ မိမိတို့အသင်းဘက်က အားပေးထောက်ခံမယ်လို့ ကလော့ က ပြောပါတယ်။ အသက် ၃၇ နှစ်ရှိ ဂျရတ်အနေနဲ့ ရိန်းဂျားအသင်းရဲ့ ကမ်းလှမ်းမူကို လက်ခံမယ်ဆိုရင် ကစားသမားဘ၀က လက်တွဲဖူးတဲ့ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံမှာ ဖြစ်ပါတယ်။
3 years Ago
Up