စတိုးဆိုင်ဝန်ထမ်း

A d v e r t i s e m e n t With Us

November 21, 2016

အအေးဘူးမရောင်းသည့် စတိုးဆိုင်ဝန်ထမ်း သေနတ်နှင့်ပစ်၊ ရိုက်နှက်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အမျိုးသားတဦးဟာ စတိုးဆိုင်တဆိုင်မှာ အအေးဘူးသွားဝယ်ချိန် ၀န်ထမ်းအမျိုးသားက ရောင်းချဖို့ ငြင်းပယ်ခဲ့တဲ့အတွက် သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားခဲ့ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆိုင်အရောင်းဝန်ထမ်း အမျိုးသားဟာ သူ့အသက်ကို ချမ်းသာပေးဖို့အတွက် သေနတ်သမားကို တောင်းပန်နေခဲ့တာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ နယူးယောက်မြို့၊ ဘရွန့်ဇ်ခရိုင်၊ ဟာဘီဘီစတိုးဆိုင်ထဲမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသားဟာ လက်ဖက်ရည်အေးဘူးဝယ်ဖို့ ဆိုင်ထဲကို ရောက်လာခဲ့ပြီး သူ့ရဲ့ အကြွေးဝယ်ကတ်နဲ့ ၀ယ်လို့မရနိုင်ကြောင်း ဆိုင်ဝန်ထမ်းက ငြင်းပယ်ခဲ့တဲ့အတွက် ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အိုမာ အဲလျူဒေးစ် အမည်ရတဲ့ ဆိုင်ဝန်ထမ်းအမျိုးသားက “ကျနော် သူ့မျက်လုံးတွေကို မြင်လိုက်ရချိန်မှာ တခုခုမှားယွင်းနေပြီဆိုတာကို သိခဲ့တယ်” လို့ နယူးယောက်ရဲတွေကို ပြောပါတယ်။ ပြစ်မှုကျူးလွန်သူဟာ စတိုးဆိုင်ထဲကနေ သူ့ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ အဲဒီအမျိုးသားဟာ အသက် ၂၂ နှစ်အရွယ် တင်မိုသီ ဘိုးလာဖြစ်ပြီး သူဟာ အရင်ကလည်း လူသတ်ရန်ကြံစည်မှုနဲ့ အဖမ်းခံခဲ့ရဖူးတယ်လို့ ရဲတွေက ပြောပါတယ်။ အဲလျူဒေးစ်က “အဲဒီအချိန် ဆိုင်ထဲမှာ ကလေးတွေလည်းရှိနေပြီး ၀ယ်သူ ၆ ယောက်လောက် ရှိနေတာပါ။ အဲဒီလူဟာ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် ၀ယ်သူတွေအားလုံး ဆိုင်အပြင်ထွက်ပြေးသွားခဲ့ကြချိန်မှာ သူနဲ့ကျနော်ပဲ ကျန်နေခဲ့တာပါ။ သူ ကျနော့်ကို သေနတ်နဲ့ပစ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် သေနတ်ကျည်က ကံကောင်းထောက်မစွာပဲ ထွက်မလာခဲ့ဘူး။ ထွက်လာတဲ့သေနတ်ကျည်ဆံဟာ ကျနော့်ရဲ့ ခေါင်းဘယ်ဘက်ဘေးကနေ ဖြတ်ထွက်သွားခဲ့လို့ ခေါင်းငုံ့ပြီးရှောင်လိုက်ရတယ်” လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ၀ယ်သူတွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။
4 years Ago
Up