စတားဘတ်ခ်

June 5, 2018

စတားဘတ်ခ်ကော်ဖီဆိုင် လုပ်ငန်း၏ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနုတ်ထွက်

နာမည်ကျော် စတားဘတ်ခ် ကော်ဖီဆိုင်လုပ်ငန်းရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဟောင်းဝပ်ရှုဇ် (Howard Schultz) ဟာ ဇွန်လ ၄ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သူ အခုလို ရာထူးကနေ နုတ်ထွက်သွားတာကြောင့် သမ္မတရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပိုမိုအားကောင်းသွားစေခဲ့တာပါ။ ဟောင်းဝပ်ရှုဇ်ဟာ အရင်နှစ်ပိုင်းတုန်းက နိုင်ငံရေးလောကကို ဝင်ရောက်မှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က စီအန်အန် သတင်းဌာနနဲ့လုပ်တဲ့ အင်တာဗျူးမှာ သမ္မတရွေးကောက်ပွဲ ဝင်မယ့်ကိစ္စကို ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှုဇ်ဟာ စတားဘတ်ခ် ကော်ဖီဆိုင်လုပ်ငန်းမှာ နှစ်ပေါင်း ၄၀ ခန့် အလုပ်လုပ်ခဲ့ပြီး သူ့ဦးဆောင်မှုကြောင့် စတားဘတ်ခ်ကော်ဖီဆိုင် ၁၁ ဆိုင်သာ ရှိရာကနေ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ဆိုင် ၃ သောင်းနီးပါးထိ တိုးချဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up