စတားဘတ်

September 5, 2018

သက်ကြီးဝန်ထမ်းသီးသန့် စတားဘတ်ကော်ဖီဆိုင် မက္ကဆီကိုတွင် ဖွင့်လှစ်

စတားဘတ် ကော်ပိုရေးရှင်းဟာ သက်ကြီးဝန်ထမ်းတွေသာရှိတဲ့ သူ့ရဲ့ ပထမဆုံး ကော်ဖီဆိုင်ကို မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ဖွင့်လှစ်လိုက်ပါတယ်။ ကိုလိုနီယာ ဒယ်ဗယ်လေ ရပ်ကွက်ထဲက ကော်ဖီဆိုင်မှာ အသက် ၅၅ နှစ်ကနေ ၆၆ နှစ်ကြား သက်ကြီးဝန်ထမ်း ၇ ယောက်ကို ငှားရမ်းထားတာပါ။ အမျိုးသား သက်ကြီးတက္ကသိုလ်နဲ့ ပူးပေါင်းပြီး သက်ကြီးနိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းပေးတဲ့ အစီအစဉ်ကို စတားဘတ်က ဦးဆောင်ခဲ့ပါတယ်။ အလုပ်ချိန်ကို အများဆုံး ၆ နာရီခွဲအဖြစ် သတ်မှတ်ထားတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ သက်ကြီးဝန်ထမ်းတွေကို အကြီးစား ဆေးဘက် ကုန်ကျစရိတ်တွေအတွက် ကျန်းမာရေး အာမခံပေးထားပြီး တပတ် ၂ ရက် နားရက်ပေးထားပါတယ်။ မက္ကဆီကိုနိုင်ငံမှာ သက်ကြီး နိုင်ငံသား ၁၂ သန်းရှိပြီး နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စတားဘတ်ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ သက်ကြီးဝန်ထမ်း အယောက် ၁၂၀ ခန့်ဖို့ စီစဉ်နေပါတယ်။ အလုပ်ရှာဖို့ ရုန်းကန်နေရတဲ့ လူဦးရေ တစိတ်တပိုင်းအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်တာကြောင့် ပျော်ရတယ်လို့ စတားဘတ် မက္ကဆီကိုရဲ့ အမှုဆောင်အရာရှိချုပ် ခရစ္စယံ ဂါရီယာက ပြောခဲ့ပါတယ်။
5 years Ago
Up