စတာလင် ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်ဟု ဂွါဒီယိုလာပြော

April 15, 2018

စတာလင် ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်ဟု ဂွါဒီယိုလာပြော

စတာလင်ဟာ ကမ္ဘာ့အကောင်းဆုံးကစာသမားတွေထဲက တဦးဖြစ်လာနိုင်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးပြောကြာလိုက်ပါတယ်။ စတာလင်ဟာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့သူဖြစ်ပြီး အဆုံးသတ်ပိုမိုကောင်းလာမယ်ဆိုရင် ပိုမိုပြည့်စုံတဲ့ ကစားသမား ဖြစ်လာမယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ စတာလင်ဟာ အရမ်းမြန်တဲ့ကစာသမား ဖြစ်သလို ပြိုင်ဘက်ကစားသမားကို တဦးချင်းကျော်ဖြတ်နိုင်တဲ့ ထိပ်တန်းကစားသမားဖြစ်ပြီး အခွင့်အရေးတွေကိုတော့ ဂိုးအဖြစ် အသုံးချနိုင်ဖို့ လိုသေးတယ်လို့ ဂွါဒီယိုလာကဆိုပါတယ်။ အသက် ၂၃ နှစ်ရှိ စတာလင်ဟာ အခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ၄၁ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူ ထားပါတယ်။
3 years Ago
Up